Konica Minolta Bizhub C227 Printer

Print, Scan, Copy လုပ်နိုင်တဲ့ Konica Minolta Bizhub C227 Multifunctional Color Printer ဖြစ်ပါတယ်။ ပုံမှန် print ထုတ်ခြင်းကို လုပ်ဆောင်နိုင်သလို Mobile Phone နဲ့ပါ Print ပြုလုပ်နိုင်ပါတယ်။ Printing ပိုင်းမှာ ရုပ်ထွက်အရည်အသွေး Resolution အနေနဲ့ 1800 x 600 dpi နဲ့ မြန်နှုန်း System speed A4 မှာ Up to 22/22 ppm (mono/colour) , System speed A3 မှာ Up to 14/14 ppm (mono/colour) , Auto Duplex speed က A4မှာ Up to 22 ppm ရရှိမှာပါ။ A3 Paper အရွယ်အစား အထိ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Paper Weight ကိုလည်း 60 gsm – 220 gsm အထိ ပေးထားတဲ့အပြင် Tray နှစ်ခု ပါဝင်ပြီး Bypass နဲ့ Tray ထဲကနေပါ Art Card/ Paper တစ်ခါတည်း ထုတ်လို့ရတဲ့အတွက် စာရွက်ညပ်မှာ ပူစရာမလိုပါဘူး။ Auto Duplex / Scan ( Auto Both Size ) ရတဲ့ အတွက် လွယ်ကူလျင်မြန်နေစေမှာ ဖြစ်သလို Security ပိုင်းအတွက်လည်း အချက်အလက်တွေကို တခြားသူများ ဝင်ရောက် သုံးစွဲလို့မရအောင် PW & ID Print ပေးထားပြီး ကာကွယ်ပေးတဲ့ User Authentication ပါဝင်ပါတယ်။ Color LCD Control Panel Display က ၇ လက်မ ရှိပါတယ်။ Mobile Printing ကိုလည်း iOS ရော Android ပါ ရနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Wi-Fi ချိတ်ဆက်ပြီး ကြိုက်တဲ့နေရာကနေ လှမ်းထုတ်နိုင်တာ ဖြစ်ပါတယ်။

တန်ဖိုးက ၄,၁၈၆,၀၀၀ ကျပ် ဖြစ်ပြီး Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်)၊ ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««