KMD Institute မှ Steam for kids course သင်တန်းသစ်ဖွင့်မည်

KMD Institute မှ Steam for kids course သင်တန်းသစ် ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သချာင်္ပညာရပ်များကို ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားတွေးခေါ်တတ်စေရန်၊ စမ်းသပ်လေ့လာမှုများ ပြုလုပ်တတ်စေရန်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနဲ့ ကိစ္စအမျိုးမျိုးကို အောင်မြင်အောင်ဆောင်ရွက်တတ်စေရန်၊ ကိုယ်တိုင်လေ့လာဆန်းစစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိ ရပ်တည်နိုင်စေရန်အတွက် သင်ကြားပေးသွားမယ့်သင်တန်း ဖြစ်ပါတယ်။ 3D Printer နဲ့အတူ သင်ထောက်ကူပစ္စည်း အပြည့်အစုံနဲ့ သင်ကြားပေးသွားမှာပါ။

သင်တန်းအပ်နှံလိုသူတွေ အနေနဲ့ KMD Institute ဖုန်း – ၀၉ ၂၆၂၆၀၀၄၅၀၊ ၃၈၁၀၃၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ