KMD နှင့် Next LvL တို့ပူးပေါင်းကာ E-Sports Academy ဖွင့်လှစ်မည်

KMD နဲ့ Next LvL တို့ပူးပေါင်းကာ E-Sports Academy ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

“ E-Sports Ecosystem (Game နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ) မှာ အရေးကြီးတဲ့ လုပ်ငန်းအစိတ်အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ Sports အားကစား၊ Technology နဲ့ Education တို့ပဲ ဖြစ်ပါတယ်။ ဂိမ်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစုထဲမှာ တတိယ အရေးကြီးတဲ့ အစိတ်အပိုင်းကတော့ Education နဲ့ Academy ဖြစ်ပါတယ်။ E-Sports Tournaments တွေ၊ Events တွေ၊ Game Developers တွေ၊ E-Sports Biz ကို မောင်းနှင်တဲ့ Event Manager တွေ၊ Marketing နဲ့ Advertising Agency တွေအတွက် အုပ်ချုပ်ရေး၊ Programming , ဂိမ်းစက်တည်ဆောက်တဲ့ Engineer တွေမွေးထုတ်နိုင်ဖို့ဆိုရင် စနစ်တကျ သင်ကြားပေးဖို့ ပညာရေးစနစ် လိုပါတယ်။ အခုဆိုရင် ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တွေမှာ E-Sports နဲ့ ဆက်စပ်တဲ့ သက်ဆိုင်ရာဌာန တွေထားရှိပြီး Degree, Diploma တွေပေးလာကြပါပြီ။ E-Sports ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး Diploma,Certificate တွေ ပေးအပ်ဖို့ စီစဥ်ပြီးဖြစ်ပါတယ်။ STEM လေ့လာဖို့ Educational Games နဲ့ Tools တွေသုံးပြီး သင်ကြားမယ့် သင်တန်းတွေလဲ ဆောင်ရွက်သွားပါမယ်။ မကြာခင် KMD နဲ့ Next LvL နဲ့တွဲပြီး ဖွင့်မယ့် E-Sports Academy ဖွင့်ပွဲလည်း ဆောင်ရွက်သွားပါမယ်။ E-Sports Event နဲ့ Tournament များအတွက် MESF, MCF တို့နဲ့ လက်တွဲဆောင်ရွက်သွားမယ့် အပြင် ပြိုင်ပွဲကျင်းပရေး၊ Streaming, Broadcasting တို့ကို GCN, HOG တို့လို ပြည်တွင်း Partner တွေအပြင် ပြည်ပ Partner များနဲ့ပါ လက်တွဲဆောင်ရွက်သွားပါမယ်” လို့ KMD Group ရဲ့ Founder & Chairman ဦးသောင်းတင်က ပြောပါတယ်။

KMD Group အနေနဲ့ E-Sports Ecosystem အတွက် အရေးကြီးတဲ့ အစိတ်အပိုင်း (၃) ခုမှာ Technology နဲ့ Education ကို Next LvL ကို ပံ့ပိုး ဆောင်ရွက်သွားမှာဖြစ်ပြီး E-Sports အတွက်သုံးမယ့် Computer, Accessories, Console, Audio, Video, Streaming, Studio, Broadcasting အတွက် လိုတဲ့ ပစ္စည်းအားလုံးကို စုံစုံလင်လင်ရနိုင်ဖို့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Educational Game ဖြစ်တဲ့ ကလေးတွေအတွက် STEM သင်ကြားပေးရာမှာ အသုံးပြုဖို့ Lego, Robotics, Electronics Projects ဆောင်ရွက်တဲ့ Tools တွေလဲ ရောင်းချသွားမှာဖြစ်ပါတယ်။

Next LvL E-Sports ရဲ့ Virtual Soft Launch ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««