KeePassXC 2.6.1 ကို Ubuntu OS တွင်ထည့်သွင်းခြင်း

KeePassXC 2.6.1 ဆိုတာကတော့ password manager ဆော့ဖ်ဝဲတစ်ခုဖြစ်ပါ တယ်။ Ubuntu OS သုံးစွဲ သူတွေ အနေနဲ့ KeePass ကို ထည့်သွင်း အသုံးပြုချင်တယ် ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်း အ သုံးပြုနိုင်မှာဖြစ်ပါတယ်။

Ubuntu OS မှာ KeePassXC 2.6.1 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

KeePassXC 2.6.1 ကို Ubuntu မှာထည့်သွင်းအသုံးပြု ဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာရိုက် ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:phoerious/keepassxc

sudo apt update && sudo apt install keepassxc

ဆိုတဲ့ command တွေဖြစ်ပါ တယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ တစ် ကယ်လို့ အသုံးမပြုလိုတော့ဘူး ဆိုရင်

sudo add-apt-repository –remove ppa:phoerious/keepassxc

sudo apt remove –autoremove keepassxc

ဆိုတဲ့ command နဲ့ ပြန် လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««