KDU International University College မှာ Diploma in International Hotel & Tourism Management ဘာသာရပ်ကို သင်ယူနေတဲ့ မောင်ဇော်ဟိန်းရဲ့ Student Life

ပီနန် ( Campus ) KDU Inter-national University College မှာ Diploma in International Hotel & Tourism Management ဘာသာရပ်ကို သင်ယူနေတဲ့ မောင်ဇော်ဟိန်းရဲ့ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

အခု တက်ရောက်နေတဲ့ ကျောင်းအမည်နဲ့ ဘာသာရပ်ကို ပြောပြပေးပါ။

မလေးရှားနိုင်ငံ ပီနန် ( Campus ) KDU International University College မှာ Diploma in International Hotel & Tourism Management ဘာသာရပ်ကို သင်ယူနေပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးပြီးဆုံးခဲ့တဲ့ ပညာအရည်အချင်းကရော။

ရန်ကုန်ဆေးတက္ကသိုလ် (၁) မှာ တတိယနှစ်အောင်မြင်ပြီးဆုံးခဲ့ပါတယ်။

KDU(ပီနန်) University College ကို ဘယ်လိုသိပြီး ကျောင်းတက်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့တာလဲ။

KDU (ပီနန်) University College က (၈၀%) အထိ Scholarship ပေးတယ်ဆိုတာ ကျောင်းရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဖြစ် Myanmar Search International (MSI) က သိခဲ့ရတယ်။ MSI နဲ့တိုင်ပင်ပြီး ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးဓလေ့ ထုံးစံသိပ်ပြီး မကွာခြားတဲ့ ပီနန်မြို့က KDU ကျောင်းကိုတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပညာသင်ဆုရရှိပုံ၊ ပညာသင်ဆုရရှိအောင် (MSI) နဲ့ ဘယ်လိုဆွေးနွေးပြီး လျှောက်ထားခဲ့လဲ။

KDU တက္ကသိုလ် (ပီနန်) Campus ကကျောင်းလခ (၈၀%) ကို ပညာသင်ဆုချီးမြှင့် ခံစားခွင့်အနေနဲ့ ကင်းလွတ်ခွင့် ရခဲ့ပါတယ်။ (၁၀)တန်းအမှတ်စာရင်းနဲ့ လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံကို (MSI) ရဲ့အကူအညီနဲ့ လျှောက်ထားခဲ့ပါတယ်။ လိုအပ်တဲ့ Visa ကိစ္စ၊ Scholarship လျှောက်တာတွေနဲ လေယာဉ်လက်မှတ်အစ ကျောင်းရောက်ပြီး နေထိုင်ဖို့အထိ MSI က အစအဆုံး ကူညီမယ်ဆိုတာ သိခဲ့တဲ့အတွက် MSI နဲ့ပဲ သေချာဆွေးနွေးပြီး လျှောက်ထားခဲ့တာပါ။

မလေးရှားပညာ ရေးလမ်းကြောင်းကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကို ပြောပြပေးပါဦး။

မလေးရှားက လူမျိုးဘာသာ ယဉ်ကျေးမှု ပေါင်းစုံရှိတော့ လေ့လာစရာများတယ်။ ပညာရေးစနစ်ကလည်း နိုင်ငံတကာစံချိန်မီတယ်။ အင်္ဂလိပ်ဘာသာ စကားကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတယ်။ ကျောင်းမှာလည်း အင်္ဂလိပ်လိုကြီးပဲ သင်ရတယ်။ အတွေ့အကြုံရှိတဲ့ ဆရာတွေများတော့ ဆရာတွေရဲ့ အတွေ့အကြုံကောင်းတွေကို ပြန်သင်ပေးတော့ ကျေနပ်အားရတယ်။ ပီနန်မြို့မှာက
မလေးရှားနိုင်ငံသား ခံယူထားတဲ့ တရုတ်လူမျိုး (၉၀%) ကျော်ရှိတဲ့အတွက် တရုတ်ဘာသာစကားကိုလည်း နေရာတိုင်းမှာ  တွင်တွင်ကျယ်ကျယ် သုံးတယ်။ တက္ကသိုလ်ဆိုတာ သင်နေတာကို ထိုင်ကျက်မှတ်နေတာနဲ့မရဘူး။ လေ့လာစရာတွေ အရမ်းများတယ်။ ကိုယ့်ဘာသာ ကိုယ်လေ့လာစရာတွေကိုလည်း ဒီရောက်မှ ကျွန်တော်သိတယ်။ မြန်မာနိုင်ငံမှာ သင်ကြားခဲ့တာနဲ့လည်း မတူဘူး။ လာ
သင်ကြည့်မှ သိမှာပါ။

ဒီဘာသာရပ်ကို တက်ရောက်သင်ယူဖို့အတွက် မြန်မာနိုင်ငံမှာဘာတွေကို ကြိုတင်ပြင်ဆင် သင့်တယ်လို့ ထင်ပါသလဲ။

အင်္ဂလိပ်ကအဓိက အရေးကြီးဆုံးလို့ ကျွန်တော်ပြောပါရစေ။ တချို့က သင်တန်းတွေ မြန်မာနိုင်ငံမှာ အချိန်တွေ အများကြီး ယူတတ်တယ်။ ကျွန်တော်က တော့ သိပ်ပြီးအားမပေးချင်ဘူး။ အချိန်အလဟဿ ဖြစ်မှာစိုးလို့ပါ။ အင်္ဂလိပ်စာလေ့လာသွားပါ။ သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုဓလေ့ကို လေ့လာသွားပါ။ ဒီလောက်ဆိုရင် အဆင်ပြေပါပြီ။ ကျန်တာကတော့ ကိုယ်ရဲ့ ကြိုးစားမှုအပိုင်းရယ်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှု Positive Thinking ရှိဖို့နဲ့ ယဉ်ကျေးမှုဓလေ့ကို သိဖို့လိုပါတယ်။

ပီနန်မြို့ရဲ့ အနေအထားနဲ့ နိုင်ငံခြားကျောင်းသူ/သားတွေအတွက် ကျန်းမာရေး အာမခံချက် ရှိမရှိ ပြောပြပေးပါဦး။

ပီနန်မြို့က တရုတ်မြို့လို့ ပြောရင်တောင်ရပါတယ်။ ၉၀ ရာခိုင်နှုန်းကျော်က တရုတ်လူမျိုးတွေပါ။ ကျန်တဲ့ရာခိုင်နှုန်း နည်းနည်းကတော့ Indian နဲ့ Malay လူမျိုးတွေပါ။ အားလုံးနီးပါး တရုတ်လူမျိုးတွေပါ။ တရုတ်စကားတတ်တဲ့ ကျောင်းသူ/သားတွေဆို နေထိုင်ရေး၊ သွားလာရေး ပိုအဆင်ပြေတယ်။ ပီနန်မြို့က ကျွန်းနိုင်ငံဆိုတော့ နယ်မြေက သိပ်မကြီးဘူး။ လုံခြုံစိတ်ချရတယ်။ နယ်မြေသန့်တယ်။ ကျောင်းသား Visa နဲ့နေတာဆို တော့ ပိုလုံခြုံစိတ်ချရတယ်။ ကျောင်းက AIA Health Insurance Card ပေးတယ်။
ကျောင်းတက်နေတဲ့ အတောအတွင်း Accident တစ်ခုခုဖြစ်ရင် ဒါမှမဟုတ် Operation တစ်ခုခု လုပ်ရရင် ဆေးရုံတက်ရတဲ့ စရိတ်၊ ခွဲစိတ်မှုစရိတ် ပေးစရာမလိုဘူး။ ကိုယ်သောက်မယ့် ဆေးဖိုးပဲပေးရတယ်။ နိုင်ငံခြားကျောင်းသူ/သားတွေအတွက် ကျန်းမာရေးက အစအဆင်ပြေတယ်။ ကျန်းမာရေး Card အတွက်လည်း ပိုက်ဆံပေးစရာမလိုဘူး။ အာမခံချက် အပြည့်ရှိတယ်။ ဘာပဲဖြစ်ဖြစ် အခမဲ့သွား
ပြီး ဆွေးနွေးလို့ရလို့ ကျန်းမာရေးအတွက် စိတ်ပူစရာ မလိုဘူး။

Sule Shangri-La Hotel မှာ Internship (အလုပ်သင်) လုပ်ရင်း နဲ့ရရှိခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ အချိန်ဘယ်လောက် ကြာခဲ့တယ် ဆိုတာကို ပြောပြပေးပါဦး။

Sule Shangri-La Hotel ဝန်ထမ်းအားလုံးက သဘောကောင်းကြပြီး သိသမျှ အကုန် ပြောပြသင်ပေးလို့ လုပ်ငန်းခွင် အတွေ့အကြုံကောင်းတွေ အများကြီး ရခဲ့ပါတယ်။ အဲဒီအတွက်လည်း Sule Shangri-La က အစ်ကိုအစ်မတွေ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ ကျွန်တော်သင်ယူခဲ့တဲ့ ပညာတွေနဲ့ အဲဒီက အစ်ကိုအစ်မတွေနဲ့ အပြန်အလှန် Sharing လုပ်ခဲ့တယ်။ ကြာမြင့်ချိန်ကတော့ Food & Beverage မှာ(၃)လ၊ Events Sales မှာ(၃)လ စုစုပေါင်း ၆ လ ကြာပါတယ်။

ကျောင်းတက်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားဖြေရှင်းခဲ့လဲ။

အင်္ဂလိပ်အသံထွက်ကွဲပြားမှု၊ အစားအသောက် အရသာကွဲပြားမှုတွေ၊ ပိုက်ဆံသုံးစွဲရတာ၊ အိမ်လွမ်းတာစတဲ့ အခက်အခဲတွေ ရှိတယ်။ ကြာရင်တော့ နေသားကျသွားပါတယ်။ ဘာအခက်အခဲမှ မရှိတော့ပါဘူး၊ အများနဲ့ အဆင်ပြေအောင် နေတတ်ဖို့ပဲ လိုပါတယ်။

ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ပညာသင်ရင်းနဲ့ Life Career ကိုဘယ်လိုကြောင့် ပြောင်းလဲဖြစ်ခဲ့တာလဲ။

ဝါသနာ မပါတာကတော့ အဓိကအကြောင်းရင်းပါ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်တော့စိတ်ပျော်တယ်။ ကိုယ့်အတွက်ရော အများအတွက်ရော အကျိုးရှိတယ်လို့ ယူဆတယ်။ ကိုယ်လုပ်ချင်တာတွေလုပ်ပြီး ဘ၀ကိုပျော်ပျော်ရွှင်ရွှင် နေသွားချင်တယ်လေ။ ကိုယ့်မိသားစုနဲ့ကတော့ အခက်အခဲတွေကြားက ညှိယူရတာပေါ့။ နောက်ဆုံးတော့လည်း မိသားစုက ချစ်တဲ့စိတ်နဲ့ပဲ ကျွန်တော့် ဆုံးဖြတ်
ချက်ကို လေးစားပေးခဲ့ပါတယ်။ ဝါသနာကို အရင်းခံတဲ့ ပညာရေးလမ်းကြောင်းကိုသာ ရွေးချယ်ပါလို့ အကြံပြုချင်ပါတယ်။

-သန္တာ