
Kdenlive ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်းသုံးစွဲနိုင်မယ့် video editor ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Video edit လုပ်နိုင်မယ့် tool အများအပြားကို ထည့်သွင်းပေးထားပါတယ်။ Kdenlive ကို Ubuntu OS မှာထည့်သွင်းအသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
Ubuntu OS မှာ Kdenlive Video Editor ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Kdenlive ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo add-apt-repository ppa:kdenlive/kdenlive-stable
sudo apt install kdenlive
ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ အသုံးမပြုလိုတော့ဘူးဆိုရင်
sudo apt install ppa-purge && sudo ppa-purge ppa:kdenlive/kdenlive-stable
sudo add-apt-repository –remove ppa:kdenlive/kdenlive-stable
sudo apt remove –autoremove kdenlive kdenlive-data
ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
-သီဟ
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««