Kdenlive 20.08 ကို Ubuntu OS တွင်ထည့်သွင်းခြင်း

ဒီဇိုင်သွင်ပြင် အသစ်နဲ့ ဖြန့်ချိလိုက်တဲ့ Kdenlive 20.08 ကို Ubuntu OS မှာထည့်သွင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Kdenlive ဆိုတာကတော့ Ubuntu OS မှာ ဗီဒီယိုတွေကိုတည်းဖြတ်နိုင်မယ့် Video editing software တစ်ခု ပဲဖြစ်ပါတယ်။

Ubuntu OS မှာ Kdenlive 20.08 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Kdenlive 20.08 ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:kdenlive/kdenlive-stable

sudo apt install kdenlive

ဆိုတဲ့ command တွေဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ တစ်ကယ်လို့ အသုံးမပြုလိုတော့ဘူးဆိုရင်

sudo add-apt-repository –remove ppa:kdenlive/kdenlive-stable

sudo apt remove –autoremove kdenlive kdenlive-data

ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ

အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ကနေလည်း ရယူဖတ်ရှုနိုင်ပါတယ်……..