ကေမာၻဇဘဏ္၏ mBanking ျမန္မာဘာသာျဖင့္ စတင္ျဖန္႔ခ်ိ

[ Zawgyi ]

ကေမာၻဇဘဏ္၏ mBanking ကို ျမန္မာဘာသာနဲ႔ စတင္ျဖန္႔ခ်ိလိုက္တယ္လို႔ သိရပါတယ္။

ပံုမွန္ထက္႐ိုးရွင္းတဲ့ လုပ္ငန္းေဆာင္ရြက္ခ်က္ေတြ ထည့္သြင္းထားေၾကာင္း၊ လုပ္ငန္းလုပ္ေဆာင္ရတဲ့ အဆင့္ေတြကို ေလွ်ာ့ခ်ထားတာမ်ိဳး၊ အြန္လိုင္းက ေနေငြေပးေခ်တဲ့စနစ္၊ ဒီဂ်စ္တယ္ေငြေၾကး လက္ေဆာင္ကတ္၊ ျပည္တြင္းေငြလႊဲေပးပို႔ ဝန္ေဆာင္မႈ အစရွိတဲ့စနစ္ေတြ ထည့္သြင္းထားေၾကာင္း သိရပါတယ္။ အဲဒီ mBanking ဟာ ဘ႑ာေရးဆိုင္ရာ ကိစၥရပ္ေတြကို ထိန္းခ်ဳပ္ စီမံေစႏိုင္ၿပီး ဘဏ္ေငြေၾကးဆိုင္ရာ ကိစၥရပ္ေတြကို ကိုယ္တိုင္စီမံ ခန္႔ခြဲႏိုင္ေအာင္ ေဆာင္ရြက္ထားတာလို႔ ဆိုပါတယ္။

mBanking ကေနတစ္ဆင့္ ဘဏ္ေငြစာရင္းမရွိတဲ့ မိသားစု၊ အေပါင္းအသင္း မိတ္ေဆြေတြကို ေငြသားလႊဲေျပာင္း ေပးပို႔ႏိုင္ေအာင္ ေဆာင္ရြက္ထားေၾကာင္း၊ လက္ခံထုတ္ယူမယ့္သူ အေနနဲ႔ ဂဏန္း (၈) လုံး ရရွိမွာျဖစ္ၿပီး နီးစပ္ရာကေမၻာဇဘဏ္ခြဲသို႔ သြားေရာက္ၿပီး မွတ္ပံုတင္၊ SMS တို႔ျပကာ ေငြထုတ္ယူႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ကတ္မဲ့ ATM ေငြထုတ္ယူမႈ (Cardless ATM withdrawal) ဝန္ေဆာင္မႈလည္းပါဝင္ၿပီး ေငြလက္ခံ ထုတ္ယူမည့္သူအေနနဲ႔ ကေမၻာဇဘဏ္ ATM စက္ေတြမွာ လက္ခံရရွိတဲ့ ဂဏန္း ၆ လုံး၊ ဂဏန္း ၄ လုံးပါဝင္တဲ့ OTP ကုတ္ကို ထည့္သြင္းၿပီး ATM ကတ္မလိုဘဲ ေငြသားထုတ္ယူႏိုင္မွာ ျဖစ္ေၾကာင္းသိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ကမ္ဘောဇဘဏ်၏ mBanking ကို မြန်မာဘာသာနဲ့ စတင်ဖြန့်ချိလိုက်တယ်လို့ သိရပါတယ်။

ပုံမှန်ထက်ရိုးရှင်းတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ ထည့်သွင်းထားကြောင်း၊ လုပ်ငန်းလုပ်ဆောင်ရတဲ့ အဆင့်တွေကို လျှော့ချထားတာမျိုး၊ အွန်လိုင်းက နေငွေပေးချေတဲ့စနစ်၊ ဒီဂျစ်တယ်ငွေကြေး လက်ဆောင်ကတ်၊ ပြည်တွင်းငွေလွှဲပေးပို့ ဝန်ဆောင်မှု အစရှိတဲ့စနစ်တွေ ထည့်သွင်းထားကြောင်း သိရပါတယ်။ အဲဒီ mBanking ဟာ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိန်းချုပ် စီမံစေနိုင်ပြီး ဘဏ်ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို ကိုယ်တိုင်စီမံ ခန့်ခွဲနိုင်အောင် ဆောင်ရွက်ထားတာလို့ ဆိုပါတယ်။

mBanking ကနေတစ်ဆင့် ဘဏ်ငွေစာရင်းမရှိတဲ့ မိသားစု၊ အပေါင်းအသင်း မိတ်ဆွေတွေကို ငွေသားလွှဲပြောင်း ပေးပို့နိုင်အောင် ဆောင်ရွက်ထားကြောင်း၊ လက်ခံထုတ်ယူမယ့်သူ အနေနဲ့ ဂဏန်း (၈) လုံး ရရှိမှာဖြစ်ပြီး နီးစပ်ရာကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်ပြီး မှတ်ပုံတင်၊ SMS တို့ပြကာ ငွေထုတ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ကတ်မဲ့ ATM ငွေထုတ်ယူမှု (Cardless ATM withdrawal) ဝန်ဆောင်မှုလည်းပါဝင်ပြီး ငွေလက်ခံ ထုတ်ယူမည့်သူအနေနဲ့ ကမ္ဘောဇဘဏ် ATM စက်တွေမှာ လက်ခံရရှိတဲ့ ဂဏန်း ၆ လုံး၊ ဂဏန်း ၄ လုံးပါဝင်တဲ့ OTP ကုတ်ကို ထည့်သွင်းပြီး ATM ကတ်မလိုဘဲ ငွေသားထုတ်ယူနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။

-ထွန်းထွန်း