Kaplan Singapore ရဲ့ ကျောင်းဝင်ခွင့် ဆိုင်ရာများအကြောင်း ဆွေးနွေးမည်

Kaplan Singapore ရဲ့ ကျောင်းဝင်ခွင့် ဆိုင်ရာများအကြောင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ဝ ရက်မှာ Novotel Hotel Yangon, Eureka Room မှာလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်မှာ CROWN Education Mandalay ရုံခန်းမှာလည်းကောင်း နံနက် ၁ဝ နာရီ မှ နေ့လယ် ၁၂ နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Kaplan Higher Education Academy Singapore မှ တစ်ဆင့် တက်ရောက်နိုင်တဲ့ သြစတြေးလျ ၊ အင်္ဂလန်၊ အိုင်ယာလန်ဘွဲ့တွေနဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာ အချက်အလက်တွေအကြောင်းကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ Kaplan Singapre၂ဝ၁၈ ခုနှစ်မှာ ကျောင်းလျှောက်ထား သူတွေအတွက် Application Fees ၁ဝဝ% ကင်းလွတ်ခွင့်နဲ့ လေယာဉ်လက်မှတ် အခမဲ့ အစရှိတဲ့ ကင်းလွတ်ခွင့်တွေ ရရှိမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲတက်ရောက် လိုသူတွေအနေနဲ့ ၀၁ ၅၂၇ ၈၃၈ ၊ ၀၉ ၉၇၇ ၉၇၇ ၂၀၀၊ နဲ့ မန္တလေးရုံး ဖုန်း ၀၉၄၅၀၂၀၀၀၈၀ နဲ့ ဝ၂-၇၂၆၃၆ ၊ လိုင်းခွဲ ၁၁၉ ကို ဆက်သွယ်စုံစမ်း မေးမြန်းတက်ရောက် နိုင်ပါတယ်။

-သန္တာ