Kaplan Myanmar University College
[ Zawgyi ]
Kaplan Myanmar မှာ ကျောင်းသားတွေအတွက် ပြီးပြည့်စုံတဲ့ ပညာရေးဆိုင်ရာအထောက်ပံ့ပစ္စည်းများ စုံလင်စွာထားရှိပေးမယ့်အပြင် အထူးခြားဆုံးအနေနဲ့ မြန်မာ့ပထမဦးဆုံး Synergy Pods လို့ခေါ်တဲ့နောက်ဆုံးပေါ် နည်းပညာစနစ်သုံး Synergy Pods စာသင်ခန်းတွေမှာ သင်ကြားပေးမှာ ဖြစ်ပါတယ်။
[ Unicode ]
နိုင်ငံတကာပညာရေးနယ်ပယ်မှာ နှစ်ပေါင်း ၈၀ ကျော်အောင်မြင်စွာ ရပ်တည်လျက်ရှိတဲ့ Kaplan International ပညာရေး အဖွဲ့အစည်းကြီးရဲ့ကျောင်းခွဲဖြစ်တဲ့ Kaplan Myanmar University College အကြောင်း သိကောင်းစရာများ Kaplan Myanmar University College သည် အမေရိကန်နဲ့ စင်္ကာပူနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၀) ကျော်မှာ ကျောင်းပေါင်း (၄၀၀) ကျော် ဖွင့်လှစ်ထားတဲ့ Kaplan International ပညာရေးအဖွဲ့အစည်းကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ ပြည်တွင်းမှာပဲ အရည်အသွေး မြင့်ပညာတွေ ဆည်းပူးပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရှာဖွေနိုင်ဖို့အတွက် နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်တွေနဲ့ ပံ့ပိုးပေးနိုင်ဖို့အပြင် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကပညာရေးကဏ္ဍမှာ ဦးဆောင်နိုင်သူ ဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Kaplan Myanmar University College ကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
Kaplan Myanmar မှာ ကျောင်းသားတွေအတွက် ပြီးပြည့်စုံတဲ့ ပညာရေးဆိုင်ရာအထောက်ပ့ံပစ္စည်းများ စုံလင်စွာထားရှိပေးမယ့်အပြင် အထူးခြားဆုံးအနေနဲ့ မြန်မာ့ပထမဦးဆုံး Synergy Pods လို့ခေါ်တဲ့နောက်ဆုံးပေါ် နည်းပညာစနစ်သုံး Synergy Pods စာသင်ခန်းတွေမှာ သင်ကြားပေးမှာ ဖြစ်ပါတယ်။
Digital နည်းပညာဖြင့် သုံးစွဲထားတဲ့ အဲဒီစာသင်ခန်းတွေဟာ ကျောင်းသားနဲ့ဆရာကြား ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။ သင်ကြားရေးပိုင်းမှာ နိုင်ငံတကာအသိအမှတ်ပြု အရည်အချင်းပြည့် ပြည်တွင်း Lecturer များ၊ UK, Australia, Singapore Lecturer များနဲ့ Kaplan Myanmar ရဲ့ သင်ကြားရေးပိုင်းကို အားဖြည့်ထားတာဖြစ်လို့ ကျောင်းသားများအနေနဲ့ ပြည်တွင်းမှာပင် နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်ကို ရရှိစေမှာဖြစ်ပါတယ်။
ဒါ့အပြင် Industrial Partner တွေနဲ့ချိတ်ဆက်ထားပြီး MOU လက်မှတ်ရေးထိုးထားတာဖြစ်လို့ Internship ဆင်းနိုင်ဖို့နဲ့ ကျောင်းပြီးပါက အလုပ်အကိုင် အခွင့်အလမ်းများအတွက်ပါ အခွင့်အလမ်းကောင်းများ ရရှိစေမှာဖြစ်ပါတယ်။ Kaplan Myanmar University College မှာ သင်ယူနိုင်မယ့် ဘာသာရပ်တွေကတော့ အင်္ဂလိပ်စာဘာသာရပ်၊ စာရင်းအင်းနှင့် ဘဏ္ဍာရေးဘာသာရပ်၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်၊ စီးပွားရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာဘွဲ့လွန်ဘာသာရပ်၊ အင်ဂျင်နိီယာလုပ်ငန်းခွင်
စီမံခန့်ခွဲရေး ဘွဲ့လွန်ဘာသာရပ်တို့ ဖြစ်ပါတယ်။
အခြေခံပညာ အထက်တန်းအောင်မြင် ထားသူများနှင့် Internationalschool များမှ Grade 10 ပြီးထားသူများ IGCSE ဖြေဆိုထားသူများသည် KMUC ၏ Diploma, Advanced Diploma တန်းများမှတစ်ဆင့် Teeside University (UK) ရဲ့ ဘွဲ့ဒီဂရီတန်းများကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဘွဲ့ဒီဂရီတစ်ခုရရှိပြီး သူများအနေနဲ့ မိမိတို့အသက်မွေး ဝမ်းကျောင်းဆိုင်ရာ လက်တွေ့လုပ်ငန်းခွင့်တွင် စိန်ခေါ်မှုများကို ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ရန် သြစတြေးလျနိုင်ငံ 5 Star အဆင့်ရှိ တက္ကသိုလ်ကြီးဖြစ်တဲ့ Murdoch University ရဲ့ MBA ဘာသာရပ်အတွက် September Intake ကို KMUC မှာလျှောက်ထားပြီး Scholarship Rebate USD 5000 ရယူနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်ဝင်ရောက် နေသူတွေဖြစ်စေ၊ အခြားသောလေ့လာသင်ယူမှု ပြုလုပ်နေသူတွေဖြစ်စေ၊ မိမိအလုပ်ချိန်ကို မထိခိုက်စေဘဲ ကမ္ဘာကျော် Murdoch University မှပေးအပ်မယ့် MBA ကို ရာနှုန်းပြည့် Oversea Lecturer တွေရဲ့သင်ကြားမှုတွေ ရရှိနိုင်အောင် KMUC က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Kaplan Myanmar University College Hot Line: 09-777636000/ 09-777686000 ကိုဖြစ်စေ၊ ကျောင်းတည်ရှိရာ အမှတ် 6A၊ ဝဂ္ဂီရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်ကို လူကိုယ်တိုင်သွားရောက်ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။