Kaplan Myanmar University College ႏွင့္ အျခား ပါတနာ ၆ ဦးတို႔၏ နားလည္မႈသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆုိ

[Zawgyi]

ျမန္မာ့ေက်ာင္းသားမ်ားအား အဆင့္ျမင့္ပညာေရးပို႕ခ်ႏုိင္ရန္ ရန္ကုန္ၿမိဳ႕တြင္ အသစ္ဖြင့္လွစ္လုိက္ေသာ KMUC က အျခားလုပ္ငန္းေတြ နဲ႔ မိတ္ဖက္ျပဳခဲ့တယ္လုိ႔ သိရပါတယ္။

Kaplan Myanmar University College ဟာ ၄င္းရဲ႕ မိတ္ဖက္တကၠသိုလ္ ၂ ခု၊ မိတ္ဖက္လုပ္ငန္း ၄ ခုႏွင့္ ၂၀၁၈ ခုႏွစ္ ဇြန္လ ၂၈ ရက္ (ၾကာသပေတးေန႔) တြင္ နားလည္မႈသေဘာတူစာခ်ဳပ္ကိုလက္မွတ္ေရးထိုးခဲ့ၾကတာပါ။
ပိုမိုေကာင္းမြန္တဲ့ပူးေပါင္းေဆာင္ရြက္မႈေတြနဲ႔ အရည္ေသြးျမင့္စာသင္တန္းေတြ ကို KMUC မွ ပို႕ခ်ေပးႏုိင္ရန္ ယခုလုိ လက္မွတ္ေရးထုိးျခင္းျဖစ္ပါတယ္။ ပထမ နားလည္မႈသေဘာတူစာခ်ဳပ္သည္ KMUC ႏွင့္ Murdoch University ၊ Teesside University တို႕အၾကား အစီအစဥ္စနစ္တက် ပူးေပါင္းလုပ္ကိုင္ရာတြင္ တည္ၿမဲဆက္ဆံေရးကို ပိုမိုခိုင္မာေစျခင္းႏွင့္ ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္အက်ဳိးျပဳမႈတို႕ကို တရား၀င္ျဖစ္ေစပါတယ္။ ဒီအခ်က္က ျမန္မာႏိုင္ငံမွေက်ာင္းသားမ်ားကို အေကာင္းဆံုးေသာ အရည္ေသြးမီပညာေရးႏွင့္ လုပ္ငန္းခြင္၀င္ရာတြင္ အသံုး၀င္မယ့္ လုပ္ငန္းပုိင္းဆုိင္ရာဗဟုသုတမ်ား ဖြံ႕ၿဖိဳးရရွိေစရန္အတြက္ ရည္ရြယ္ကာ ေရးထိုးတာျဖစ္ပါတယ္။ အဆိုပါ ပထမ နားလည္မႈသေဘာတူစာခ်ဳပ္ကို Kaplan Myanmar University College ရဲ႕ Associate Professor and Provost ျဖစ္သူ Mr. Rhys Johnson ၊ Murdoch University ၏ ဒုပါခ်ဳပ္ Lyn Karstadt ႏွင့္ Teesside University ၏ ႏုိင္ငံတကာပါတနာမ်ားစီမံေရးရာဌာနမွဴး Mr. Warren Harrison တုိ႔က လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ဒုတိယ နားလည္မႈသေဘာတူစာခ်ဳပ္ကို KMUC ၏ ေက်ာင္းအုပ္ ေဒၚခိုင္ခိုင္လင္းႏွင့္ မိတ္ဆက္လုပ္ငန္းေတြျဖစ္ေသာ Dakota Ventures International Pte Ltd, Dagon International Litmited, Earth Group of Companies and Mandalay Technology Company Limited တို႔က လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ Dakota Ventures ႏွင့္ နားလည္မႈသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးလိုက္ျခင္းဟာ KMUC အား အေရွ႕ေတာင္အာရွတြင္ ေငြသားမဲ့စနစ္ျဖစ္ေသာ digital currency ကို အသံုးျပဳသည့္ ပထမဦးဆံုးေသာ တကၠသိုလ္ျဖစ္လာေစပါတယ္။ ေက်ာင္းသားမ်ားသည္ မိုဘိုင္းဖုန္းကိုအသံုးျပဳကာ ေက်ာင္းေခၚခ်ိန္ျပည့္မွီျခင္း၊ အတန္းတြင္း ေကာင္းမြန္ေသာ အဆင့္ရမွတ္မ်ားရရွိျခင္းတို႔မွတဆင့္ digital currency ေတြ ကို စုေဆာင္းႏုိင္ၿပီး ထို currency မ်ားကို ေက်ာင္းတြင္းရွိ ကိုယ္ကာယေလ့က်င့္ေရးသင္တန္းမ်ား၊ အစားအေသာက္မ်ားႏွင့္ ပစၥည္းမ်ားကို ၀ယ္ယူရာတြင္ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔႔ KMUC နဲ႔ ပါတနာေတြၾကားမွာရွိတဲ့ တည္ၿမဲဆက္ဆံေရးကို ပိုမိုခိုင္မာေစျခင္းနဲ႔ ႏွစ္ဦးႏွစ္ဖက္ အျပန္အလွန္အက်ဳိးျပဳမႈေတြကို တရား၀င္ျဖစ္ေစတဲ့ အခုလိုလက္မွတ္ေရးထုိးျခင္းကို ကၽြန္ေတာ္ ၀မ္းေျမာက္စြာ ႀကိဳဆုိပါတယ္။ လူသိမ်ားေက်ာ္ၾကားတဲ့ Murdoch University ၊ Teesside University တို႕နဲ႔ ကၽြန္ေတာ္တုိ႔ KMUC ဟာ ပူးေပါင္းလုပ္ကိုင္ေနတာျဖစ္တဲ့အတြက္ ေက်ာင္းသားေတြဟာ အေကာင္းဆံုးေသာ သင္ၾကားပို႕ခ်မႈေတြနဲ႔ လုပ္ငန္းခြင္ဆုိင္ရာ ဗဟုသုတမ်ား ရရွိမယ္ဆိုတာ ကၽြန္ေတာ္ ေျပာရဲပါတယ္။ အရည္ေသြးျပည့္ပညာေရးျဖစ္ေစဖုိ႔ ပါတနာမ်ားနဲ႔အတူ ဆက္လက္ပူးေပါင္းလုပ္ေဆာင္ဖို႔ကိုလည္း ကၽြန္ေတာ္ေရွး႐ပါတယ္။ ေက်ာင္းသင္ခန္းစာမွာ အေထာက္အကူျဖစ္ေစမယ့္ တကယ့္လက္ေတြ႕လုပ္ငန္းခြင္ရဲ႕ အေတြ႕အႀကံဳမ်ားကို ေက်ာင္းသားေတြ ခံစားႏုိင္ေအာင္ ကၽြန္ေတာ္တို႕ဟာ မိတ္ဖက္လုပ္ငန္းေတြနဲ႕လည္း ပူးေပါင္းျပီးအစီအစဥ္မ်ားေရးဆြဲမွာျဖစ္ပါတယ္” လုိ႔ KMUC ၏ Associate Professor and Provost ျဖစ္သူ Mr. Rhys Johnson က ေျပာၾကားခဲ့ပါတယ္။

လက္မွတ္ေရးထိုးပြဲကို အထူးဧည့္သည္အေနနဲ႔ ပညာေရး၀န္ႀကီးဌာန၏ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာခိုင္ၿမဲက တက္ေရာက္ခဲ့တယ္လုိ႔ သိရပါတယ္။

-သႏၲာ

[Unicode]

မြန်မာ့ကျောင်းသားများအား အဆင့်မြင့်ပညာရေးပို့ချနိုင်ရန် ရန်ကုန်မြို့တွင် အသစ်ဖွင့်လှစ်လိုက်သော KMUC က အခြားလုပ်ငန်းတွေ နဲ့ မိတ်ဖက်ပြုခဲ့တယ်လို့ သိရပါတယ်။

Kaplan Myanmar University College ဟာ ၄င်းရဲ့ မိတ်ဖက်တက္ကသိုလ် ၂ ခု၊ မိတ်ဖက်လုပ်ငန်း ၄ ခုနှင့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၈ ရက် (ကြာသပတေးနေ့) တွင် နားလည်မှုသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာပါ။
ပိုမိုကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အရည်သွေးမြင့်စာသင်တန်းတွေ ကို KMUC မှ ပို့ချပေးနိုင်ရန် ယခုလို လက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။ ပထမ နားလည်မှုသဘောတူစာချုပ်သည် KMUC နှင့် Murdoch University ၊ Teesside University တို့အကြား အစီအစဉ်စနစ်တကျ ပူးပေါင်းလုပ်ကိုင်ရာတွင် တည်မြဲဆက်ဆံရေးကို ပိုမိုခိုင်မာစေခြင်းနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးပြုမှုတို့ကို တရားဝင်ဖြစ်စေပါတယ်။ ဒီအချက်က မြန်မာနိုင်ငံမှကျောင်းသားများကို အကောင်းဆုံးသော အရည်သွေးမီပညာရေးနှင့် လုပ်ငန်းခွင်ဝင်ရာတွင် အသုံးဝင်မယ့် လုပ်ငန်းပိုင်းဆိုင်ရာဗဟုသုတများ ဖွံ့ဖြိုးရရှိစေရန်အတွက် ရည်ရွယ်ကာ ရေးထိုးတာဖြစ်ပါတယ်။ အဆိုပါ ပထမ နားလည်မှုသဘောတူစာချုပ်ကို Kaplan Myanmar University College ရဲ့ Associate Professor and Provost ဖြစ်သူ Mr. Rhys Johnson ၊ Murdoch University ၏ ဒုပါချုပ် Lyn Karstadt နှင့် Teesside University ၏ နိုင်ငံတကာပါတနာများစီမံရေးရာဌာနမှူး Mr. Warren Harrison တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒုတိယ နားလည်မှုသဘောတူစာချုပ်ကို KMUC ၏ ကျောင်းအုပ် ဒေါ်ခိုင်ခိုင်လင်းနှင့် မိတ်ဆက်လုပ်ငန်းတွေဖြစ်သော Dakota Ventures International Pte Ltd, Dagon International Litmited, Earth Group of Companies and Mandalay Technology Company Limited တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Dakota Ventures နှင့် နားလည်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ခြင်းဟာ KMUC အား အရှေ့တောင်အာရှတွင် ငွေသားမဲ့စနစ်ဖြစ်သော digital currency ကို အသုံးပြုသည့် ပထမဦးဆုံးသော တက္ကသိုလ်ဖြစ်လာစေပါတယ်။ ကျောင်းသားများသည် မိုဘိုင်းဖုန်းကိုအသုံးပြုကာ ကျောင်းခေါ်ချိန်ပြည့်မှီခြင်း၊ အတန်းတွင်း ကောင်းမွန်သော အဆင့်ရမှတ်များရရှိခြင်းတို့မှတဆင့် digital currency တွေ ကို စုဆောင်းနိုင်ပြီး ထို currency များကို ကျောင်းတွင်းရှိ ကိုယ်ကာယလေ့ကျင့်ရေးသင်တန်းများ၊ အစားအသောက်များနှင့် ပစ္စည်းများကို ၀ယ်ယူရာတွင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့့ KMUC နဲ့ ပါတနာတွေကြားမှာရှိတဲ့ တည်မြဲဆက်ဆံရေးကို ပိုမိုခိုင်မာစေခြင်းနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးပြုမှုတွေကို တရားဝင်ဖြစ်စေတဲ့ အခုလိုလက်မှတ်ရေးထိုးခြင်းကို ကျွန်တော် ၀မ်းမြောက်စွာ ကြိုဆိုပါတယ်။ လူသိများကျော်ကြားတဲ့ Murdoch University ၊ Teesside University တို့နဲ့ ကျွန်တော်တို့ KMUC ဟာ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်တဲ့အတွက် ကျောင်းသားတွေဟာ အကောင်းဆုံးသော သင်ကြားပို့ချမှုတွေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဗဟုသုတများ ရရှိမယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်။ အရည်သွေးပြည့်ပညာရေးဖြစ်စေဖို့ ပါတနာများနဲ့အတူ ဆက်လက်ပူးပေါင်းလုပ်ဆောင်ဖို့ကိုလည်း ကျွန်တော်ရှေးရပါတယ်။ ကျောင်းသင်ခန်းစာမှာ အထောက်အကူဖြစ်စေမယ့် တကယ့်လက်တွေ့လုပ်ငန်းခွင်ရဲ့ အတွေ့အကြုံများကို ကျောင်းသားတွေ ခံစားနိုင်အောင် ကျွန်တော်တို့ဟာ မိတ်ဖက်လုပ်ငန်းတွေနဲ့လည်း ပူးပေါင်းပြီးအစီအစဉ်များရေးဆွဲမှာဖြစ်ပါတယ်” လို့ KMUC ၏ Associate Professor and Provost ဖြစ်သူ Mr. Rhys Johnson က ပြောကြားခဲ့ပါတယ်။

လက်မှတ်ရေးထိုးပွဲကို အထူးဧည့်သည်အနေနဲ့ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

-သန္တာ