Kaplan International ပညာေရးအဖြဲ႕အစည္း၏ ေက်ာင္းခြဲျဖစ္သည့္ Kaplan Myanmar University College ျမန္မာျပည္တြင္ဖြင့္လွစ္မည္

[ Zawgyi ]

အေမရိကန္နဲ႔ စင္ကာပူႏိုင္ငံ အပါအဝင္ ႏိုင္ငံေပါင္း (၃၀) ေက်ာ္မွာ ေက်ာင္းေပါင္း (၄၀၀) ေက်ာ္ ဖြင့္လွစ္ထားတဲ့ Kaplan International ပညာေရး အဖြဲ ့အစည္းႀကီးရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္တဲ့ Kaplan Myanmar University College ကုိ ဇြန္လ ၂၈ ရက္မွစတင္ ဖြင့္လွစ္သြားမယ္လုိ႔ သိရပါတယ္။

ေက်ာင္းဖြင့္လွစ္ျခင္း အထိမ္းအမွတ္ အျဖစ္ Open House Seminar ကို ဇြန္လ ၃၀ ရက္၊ နံနက္ ၁၀ နာရီ မွ ညေန ၃ နာရီအထိ KMUC Campus မွာက်င္းပသြားမွာပါ။

Seminar မွာ အေျခခံပညာအထက္တန္းေအာင္ ေက်ာင္းသား/သူမ်ား ေလ်ွာက္ထားႏိုင္မယ့္ ပညာသင္ဆုေတြအေၾကာင္း၊ Partner University ေတြျဖစ္တဲ့ အဂၤလန္ႏိုင္ငံမွ Teeside University နဲ႔ ၾသစေၾတးလ်ႏိုင္ငံမွ Murdoch University တို႔မွ ‘The Future of Learning – Learning in Virtual & Augmented Reality and Gamified Environments’ ေခါင္းစဥ္နဲ႔ ေဆြးေႏြးပြဲကို က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

KMUC မွာ အဂၤလိပ္စာဘာသာရပ္၊ စာရင္းအင္းႏွင့္ဘ႑ာေရးဘာသာရပ္၊ စီးပြားေရးဆိုင္ရာစီမံခန္႔ခြဲမႈ ဘာသာရပ္၊ စီးပြားေရးႏွင့္ စီမံအုပ္ခ်ဳပ္ေရးဆိုင္ရာ ဘြဲ႕လြန္ဘာသာရပ္၊ အင္ဂ်င္နိီယာလုပ္ငန္းခြင္ စီမံခန္႔ခြဲေရး ဘြဲ႕လြန္ဘာသာရပ္ေတြကုိ တက္ေရာက္ႏုိင္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံက လူငယ္ေတြအေနနဲ႔ ျပည္တြင္းမွာပဲ အရည္အေသြးျမင့္ပညာေတြ ဆည္းပူးၿပီး အလုပ္အကိုင္ အခြင့္အလမ္းေကာင္းေတြ ရွာေဖြႏိုင္ဖို႔အတြက္ ႏိုင္ငံတကာအဆင့္မီ သင္ၾကားေရးစနစ္ေတြနဲ႔ ပံ့ပိုးေပးႏိုင္ဖို႔အျပင္ ျမန္မာႏုိင္ငံရဲ႕ ပုဂၢလိကပညာေရးက႑မွာ ဦးေဆာင္ႏုိင္သူ ျဖစ္လာဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ KMUC ကိုဖြင့္လွစ္ထားတာ ျဖစ္တယ္လုိ႔သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ပထမဦးဆံုး ဖြင့္လွစ္သင္ၾကားေပးမယ့္ ေနာက္ဆံုးေပၚ နည္းပညာစနစ္သံုး Synergy Pods စာသင္ခန္းေတြ ထားရွိသင္ၾကားေပးမွာျဖစ္ၿပီး Digital နည္းပညာနဲ႔သံုးစြဲထားတဲ့ အဲဒီစာသင္ခန္းေတြဟာ ေက်ာင္းသားနဲ႔ ဆရာၾကား ပိုမိုေကာင္းမြန္တဲ့ ခ်ိတ္ဆက္မႈေတြ၊ ပူးေပါင္းေဆာင္ရြက္မႈေတြကို ရရွိေစမွာျဖစ္လို႔ ေက်ာင္းသားေတြအေနနဲ႔ ျပည္တြင္းမွာပင္ ႏိုင္ငံတကာအဆင့္မီ သင္ၾကားေရး စနစ္ကို ရရွိေစမွာပါ။

Seminar တက္ေရာက္လုိသူေတြ အေနနဲ႔ အမွတ္ 6A၊ ဝဂၢီရိပ္သာလမ္း၊ ကမာရြတ္ၿမိဳ႕နယ္ ဖုန္း – ၀၉၇၇၇၆၃၆၀၀၀၊ ၀၉၇၇၇၆၈၆၀၀၀ ကို ဆက္သြယ္စာရင္းေပးသြင္း တက္ေရာက္ႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

အမေရိကန်နဲ့ စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၃၀) ကျော်မှာ ကျောင်းပေါင်း (၄၀၀) ကျော် ဖွင့်လှစ်ထားတဲ့ Kaplan International ပညာရေး အဖွဲ ့အစည်းကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Kaplan Myanmar University College ကို ဇွန်လ ၂၈ ရက်မှစတင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ကျောင်းဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် Open House Seminar ကို ဇွန်လ ၃၀ ရက်၊ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအထိ KMUC Campus မှာကျင်းပသွားမှာပါ။

Seminar မှာ အခြေခံပညာအထက်တန်းအောင် ကျောင်းသား/သူများ လျှောက်ထားနိုင်မယ့် ပညာသင်ဆုတွေအကြောင်း၊ Partner University တွေဖြစ်တဲ့ အင်္ဂလန်နိုင်ငံမှ Teeside University နဲ့ သြစတြေးလျနိုင်ငံမှ Murdoch University တို့မှ ‘The Future of Learning – Learning in Virtual & Augmented Reality and Gamified Environments’ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

KMUC မှာ အင်္ဂလိပ်စာဘာသာရပ်၊ စာရင်းအင်းနှင့်ဘဏ္ဍာရေးဘာသာရပ်၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်၊ စီးပွားရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ဘွဲ့လွန်ဘာသာရပ်၊ အင်ဂျင်နိီယာလုပ်ငန်းခွင် စီမံခန့်ခွဲရေး ဘွဲ့လွန်ဘာသာရပ်တွေကို တက်ရောက်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ ပြည်တွင်းမှာပဲ အရည်အသွေးမြင့်ပညာတွေ ဆည်းပူးပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရှာဖွေနိုင်ဖို့အတွက် နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်တွေနဲ့ ပံ့ပိုးပေးနိုင်ဖို့အပြင် မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကပညာရေးကဏ္ဍမှာ ဦးဆောင်နိုင်သူ ဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ KMUC ကိုဖွင့်လှစ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဖွင့်လှစ်သင်ကြားပေးမယ့် နောက်ဆုံးပေါ် နည်းပညာစနစ်သုံး Synergy Pods စာသင်ခန်းတွေ ထားရှိသင်ကြားပေးမှာဖြစ်ပြီး Digital နည်းပညာနဲ့သုံးစွဲထားတဲ့ အဲဒီစာသင်ခန်းတွေဟာ ကျောင်းသားနဲ့ ဆရာကြား ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ရရှိစေမှာဖြစ်လို့ ကျောင်းသားတွေအနေနဲ့ ပြည်တွင်းမှာပင် နိုင်ငံတကာအဆင့်မီ သင်ကြားရေး စနစ်ကို ရရှိစေမှာပါ။

Seminar တက်ရောက်လိုသူတွေ အနေနဲ့ အမှတ် 6A၊ ဝဂ္ဂီရိပ်သာလမ်း၊ ကမာရွတ်မြို့နယ် ဖုန်း – ၀၉၇၇၇၆၃၆၀၀၀၊ ၀၉၇၇၇၆၈၆၀၀၀ ကို ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ