Kaplan Higher Education Academy Singapore ၏ ဒီပလိုမာတန်းအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်

Kaplan Higher Education Academy Singapore ရဲ့ ဒီပလိုမာတန်းအတွက် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုကို မြန်မာကျောင်းသား ၃ ဦးအတွက် ပေးအပ်သွားမယ်လို့ သိရပါတယ်။

သြဂုတ် နဲ့ အောက်တိုဘာ ကျောင်းဖွင့်ချိန်တွေမှာ Professional Business English Program (သို့) Diploma Program လျှောက်ထားသူများအနက်မှ ၃ ဦးကို ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာပြည် (၁၀) တန်း၊ GCE ‘O’ Level ၊ GED (သို့) IB Diploma ပြီးထားသူတွေ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာဝင်ခွင့်အနေနဲ့ IELTS (6.0) (သို့) မရှိထားပါက Kaplan English Placement Test ကို အခမဲ့ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ Diploma in Accountancy, Diploma in Commerce (Finance & Banking/Business Administration / General Studies / Human Resources Management/Logistics & Supply Chain Management/Hospitality & Tourism Management), Diploma in Digital Marketing , Diploma in Mass Communication, Diploma in Health Services Management, Diploma in Sports & Exercise Science, Diploma in Events Management, Diploma in Hospitality Services & Events Operations , Diploma in Business & Information Management, Diploma in Computer Forensics , Diploma in Information Technology , Diploma in Web Technologies , Diploma in Professional Business English Programme (PBEP), Diploma in Legal Studies, Diploma in Counselling , Diploma in Psychology စတာတွေကို ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Kaplan Singapore မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ Diploma တန်း တက်ရောက်သင်ကြားပြီးသွားပါက Murdoch’ Double Major Program ကို သြစတြေးလျနိုင်ငံ၊ Perth မြို့ရှိ Murdoch University မှာ ကူးပြောင်းသင်ယူနိုင်ပြီး အခြားသော Honours Bachelor Degrees တွေကို တိုက်ရိုက်ဝင်ခွင့်ရရှိနိုင်တဲ့ Kaplan Singapore ရဲ့ မိတ်ဖက်တက္ကသိုလ်တွေဖြစ်တဲ့ University of Dublin (Dublin), Royal Holloway University of London (UK), Northumbria University (UK) များသို့ ကူးပြောင်းသင်ယူနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိတယ်လို့ သိရပါတယ်။ ပညာသင်ဆုလျှောက်ထားလိုပါက သြဂုတ် ၂ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပြီး အသေးစိတ်ကို MSI ပညာရေးဝန်ဆောင်မှု ဖုန်း – ၀၉ ၅၁၀ ၃၉၁၅ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ