Kaplan Higher Education Academy မှာ B.Sc (Marketing and Management) ကို တက်ရောက်မယ့် မအေးပြည့်ပြည့်ကျော်ရဲ့ Student Life

Kaplan Higher Education Academy မှာ B.Sc (Marketing and Management) ကို တက်ရောက်မယ့် မအေးပြည့်ပြည့်ကျော်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ပြည်ပမှာ ကျောင်းတက်ဖြစ်တဲ့ အကြောင်းလေး ရှင်းပြပေးပါဦး။

ပြည်ပမှာ ကျောင်းတက်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ပညာသင်ချင်ရုံမက ကိုယ့်အားကိုယ်ကိုး တတ်ချင်တာရယ်၊ လူအများနဲ့ ဆက်ဆံရတဲ့ အတွေ့အကြုံရချင်တာရယ်ကြောင့် သွားတက်ဖို့ဆုံးဖြတ်လိုက်တာပါ။

Marketing ဘာသာရပ်ကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာလဲ။

ညီမက University of Essex, အင်္ဂလန်က B.Sc (Marketing and Management) ကို Kaplan Singapore Campus မှာ တက်ရောက်မှာပါ။ ဘာကြောင့် ရွေးချယ်ရလဲဆိုတော့ Marketing က စိတ်ဝင်စားဖို့ ကောင်းတာရယ် Management က ကိုယ်နဲ့ အကျွမ်းတဝင် ရှိတာရယ်ကြောင့်ပါ။

Kaplan ကိုရော ဘယ်လိုအချက်တွေကို ကြည့်ပြီးရွေးချယ်ခဲ့တာလဲ။

ညီမ HND Year 1 အပြီးမှာ စင်ကာပူမှာ ကျောင်းတက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ Year 2 တက်နေရင်းနဲ့ပဲ STUDY ABROAD Information Centre နဲ့တိုင်ပင်ပြီး ကျောင်းပြီးရင် ဘာလုပ်သင့်ကြောင်း တိုင်ပင်ပါတယ်။ ညီမက HND ရပြီးပြီဖြစ်တာကြောင့် သူတို့ကညီမနဲ့ အဆင်ပြေမယ့်ကျောင်းကို ရွေးချယ် အကြံပေးလို့ Kaplan Singapore ကို ရွေးချယ်ဖြစ်သွားတာပါ။

ကျောင်းပြီးသွားရင်ရော ဘာလုပ်မယ်လို့ စဉ်းစားထားလဲ။

ကျောင်းပြီးပြီးချင်းတော့ ညီမ စင်ကာပူမှာပဲ အလုပ်ရှာပြီး လုပ်သက်ယူပါမယ်။ ပြီးမှ ကိုယ့်နိုင်ငံကိုပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်း တစ်ခုထူထောင်နိုင်အောင် ကြိုးစားမယ်လို့တော့ စဉ်းစားထားပါတယ်။

ကျောင်းလျှောက်တုန်းက အတွေ့အကြုံ လေးတွေပြောပြပေးပါ။

ညီမက STUDY ABROAD Information Centre နဲ့ ချိတ်ဆက်သွားတော့ အခက်အခဲဆိုတာ မရှိသလောက်ဘဲ။ ဒီဘက်ကျောင်းက certificate မပေးသေးတော့ အချိန်နည်းနည်း Delay ဖြစ်တာတို့လောက်တော့ ရှိပါတယ်။ စနစ်ကျအောင် ကူညီပေးခဲ့တာတွေအတွက် အများကြီး အဆင်ပြေခဲ့ပါတယ်။

ပြည်ပမှာ ကျောင်းတက်ဖို့ပြင်ဆင်နေတဲ့ ကလေးတွေအတွက် ညီမအနေနဲ့ အကြုံပြုပြောစကားလေး ပြောပြပေးပါ။

ပထမတစ်ခုအနေနဲ့ ညီမဆယ်တန်းအောင်ကာစ ကလေးတွေကို နိုင်ငံခြားသွားတက် စေချင်တယ်။ ကျောင်းပြီးသွားတဲ့အခါ ကိုယ့်ကိုယ်
ကိုယ် အားကိုးတတ်လာတော့ အလုပ်ခွင်ဝင်ရင် ကိုယ်နဲ့တန်းတူတွေ ထက်ခေါင်းတစ်လုံး ပိုမြင့်နေတတ်လို့ပါ။ ဒုတိယတစ်ခုအနေနဲ့ကတော့ ကျောင်းရွေးချယ်တဲ့အခါ သိနားလည်စိတ်ချရတဲ့သူတွေစီက Information တိတိကျကျမေးပြီး ကျောင်းလျှောက်စေချင်တယ်။ ကျောင်းရွေး မမှားစေချင်ဘူး။ ဘဝတက်လမ်းအစဆိုတော့ အကောင်းဆုံး ဖြစ်သင့်တယ်ထင်တယ်။ အစ
ကောင်းမှ အနှောင်းသေချာဆိုသလိုပေါ့။ တတိယတစ်ခုအနေနဲ့ကတော့ အင်္ဂလိပ်စာကတော့ အရေးကြီးဆုံးပါပဲ။ သင်တန်းတွေအပြင် TV series (How I met your mother and friends) ကြည့်သွားပါလို့ အကြံပြုချင်ပါတယ်။ သူတို့က Daily use လေးတွေ ပြောသွား
တာဖြစ်တာကြောင့် အခြား foregin Students တွေနဲ့ Communicate လုပ်ရင် အရမ်းအထောက်အကူဖြစ်လို့ အကြံပေးပါရစေ။

-သန္တာ