Kaplan Higher Education ၏ ဒီပလိုမာတန်းအတွက် ကျောင်းဝင်ကြေးကင်းလွတ်ခွင့် ပေးအပ်မည်

Kaplan Higher Education (Singapore) ရဲ့ ဒီပလိုမာတန်း လျှောက်ထားသူတွေကို ဒီဇင်ဘာကျောင်းဖွင့်ချိန် အတွက် ကျောင်းဝင်ကြေးကင်းလွတ်ခွင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

စာသင်ကာလ ၆ လ ကြာမြင့်တဲ့ စင်ကာပူနိုင်ငံ အသိအမှတ်ပြုKaplan Diploma တန်းကို ကျောင်းလျှောက်ထားသူတိုင်း မြန်မာကျပ်ငွေ ၅ သိန်းဝန်းကျင်ခန့် ရှိတဲ့ ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်ကို ရရှိမှာ ဖြစ်ပြီး Diploma တန်း မှာDiploma in Global Business နဲ့ Diploma in Information Technology ဆိုပြီး Program နှစ်မျိုးရွေးချယ် တက်ရောက်နိုင်ပါ တယ် ။ (၁၀) တန်း၊ IGCSE နဲ့ International School မှ Year (10) ပြီးဆုံးအောင်မြင်ထားသူများ၊ IELTS 5.5 ရှိထားသူများ (or) Kaplan English Placement Test ဖြေဆို အောင်မြင်ထားသူများ ကျောင်းလျှောက်ထားနိုင်ပါတယ်။

Kaplan Singapore မှာ ဖွင့်လှစ်သင်ကြားပေးနေတဲ့ Murdoch’ Double Major Program ကို သြစတြေးလျနိုင်ငံ၊ Perth မြို့ရှိ Murdoch University မှာ ကူးပြောင်း သင်ယူနိုင်ပြီး အခြားသော Honours Bachelor Degrees များကို တိုက်ရိုက်ဝင်ခွင့်ရရှိနိုင်တဲ့ Kaplan Singapore ရဲ့ မိတ်ဖက်တက္ကသိုလ်တွေ ဖြစ်တဲ့ University of Dublin (Dublin), Royal Holloway University of London (UK), Northumbria University (UK) သို့ ကူးပြောင်းသင်ယူနိုင်တဲ့ အခွင့်အရေးတွေလည်းရှိတယ်လို့ သိရပါတယ်။

လျှောက်လွှာတွေကို ဒီဇင်ဘာ ၁၆ ရက် နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပြီး ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း – ၀၉၅၁၀၃၉၁၅ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««