Kano ကထုတ်လုပ်လိုက်တဲ့ Windows 10 PC

Kano က တည်ဆောက်နိုင်တဲ့ Windows 10 PC ဒုတိယမြောက်မျိုးဆက်ကို ဖြန့်ချိလိုက်ပါတယ်။

အဲဒီ PC ကို ၂၉၉.၉၉ နဲ့ ရောင်းချမှာဖြစ်ပါတယ်။ PC မှာ DIY ပုံစံ touchscreen နဲ့အတူ အလွန်မြန်ဆန်တဲ့ ပရိုဆက်ဆာအသစ်နဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒီဇိုင်း (USB-C ပါဝင်) တို့ပါဝင်လာပါတယ်။

ကွန်ပျူတာပုံစံက အသွင်ပြောင်း 2-in-1 tablet ဖြစ်ပြီး ဖြုတ်နိုင်၊ တပ်နိုင်တဲ့ keyboard ပါဝင်ကာ case အဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ Kano ရဲ့မော်ဒယ်အဟောင်းမှာ Intel Atom x5-Z8350 ပရိုဆက်ဆာအသုံးပြုထားပေမယ့် အခုမော်ဒယ်သစ်မှာတော့ Intel Celeron N4000 ကိုအသုံးပြုထားပါတယ်။ မော်ဒယ်ဟောင်းမှာ 2W ချစ်ပ်သုံးထားပေမယ့် မော်ဒယ်သစ်မှာတော့ 6W ပရိုဆက်ဆာအထိ အသုံးပြုထားပါတယ်။

မော်ဒယ်သစ် ဘက်ထရီသက်တမ်းက အနည်းဆုံး ၁၀နာရီအထိ အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာဘေးဘက်မှာ Bluetooth 5.0 နဲ့ ဒီဇိုင်းပြောင်း heatsink တို့ပါဝင်ပါတယ်။ အခြား feature တွေကတော့ ၁၁.၆လက်မ touchscreen, 64GB eMMC storage နဲ့ RAM 4GB ပဲဖြစ်ပါတယ်။ ဒုတိယမြောက်မျိုးဆက် Kano PC ကို Microsoft နဲ့ပူးပေါင်းဆောင်ရွက်ထားပြီး Windows 10 အသုံးပြုထားပါတယ်။

Kano က သင်ထောက်ကူနယ်ပယ်အတွက် အကျိုးဖြစ်ထွန်းစေဖို့ ကွန်ပျူတာတွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ Kano ရဲ့ မူလ တည်ဆောက်နိုင်တဲ့ ကွန်ပျူတာတွေက Raspberry Pi အစိတ်အပိုင်းကို အခြေခံထားပြီး ကွန်ပျူတာကို ကိုယ်တိုင်တပ်ဆင်ရတဲ့အတွက် သီးသန့် Linux software ပဲအသုံးပြုနိုင်ပါတယ်။ အခု Windows 10 မော်ဒယ်မှာတော့ ကွန်ပျူတာကို အစအဆုံးတပ်ဆင်စရာမလိုတော့သလို အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge