Kanaung Hub ၏ Internship Program 2018 Closing Ceremony ပြုလုပ်ခဲ့

[Zawgyi]



ဒေအသီးသီးက နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းပေါင်း ၁၄ ကျောင်းက ကျောင်းသား ၉၆ ယောက် လေ့လာခွင့်ရခဲ့တာဖြစ်ကြောင်း၊ MCPA, UMFCCI မှဆရာနည်းပြတွေ မှလည်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ နည်ပညာရပ်တွေ ပို့ချပေးကြောင်း၊ Intern ဆင်းတဲ့ နောက်ဆုံးနေ့ မှာ ကျောင်းသားကျောင်းသူတွေအနေနဲ့ Project Presentation တွေကို ပြုလုပ်ရကြောင်း သိရပါတယ်။

[Unicode]

Kanaung Hub ရဲ့Internship Program 2018 ပိတ်ပွဲကိုဇူလိုင် ၃၀ ရက်က MICT Park ထဲက Kanaung Hub မှာ နံနက် ၁၀ နာရီကနေ နေ့လည် ၁၂ နာရီအထိပြုလုပ်ခဲ့ပါတယ်။

မေလ ကနေ ဇူလိုင်လ သုံးလတာ Kanaung Hub မှာ Intern ဆင်းနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၉၆ ယောက်အနေနဲ့ ပြင်ပမှာ နည်းပညာနဲ့သက်ဆိုင်တဲ့လက်တွေ့လုပ်ငန်းတွေကိုသင် ကြားရခြင်းဖြစ်ကြောင်း Kanaung မန်နေဂျာဖြစ်သူ ဦးနေမင်းဦးကပြောပါတယ်။ “ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သူတို့တွေသင်ကြားထားတဲ့ စာတွေ့ကို လက်တွေ့နဲ့ပေါင်းစပ်လေ့လာပြီးတော့ Kanaung Hub မှာသင်ကြားရတာဖြစ်ပါတယ်၊ ကျောင်းသားတွေအကုန်လုံးကတော့ ကွန်ပျူတာတက္က သိုလ်နဲ့ နည်းပညာတက္ကသိုလ်ကကျောင်းသားတွေပါ၊ ကျောင်းသားကျောင်းသူပေါင်း ၉၆ ယောက်လေ့ လာခွင့်ရကြပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ဒေအသီးသီးက နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းပေါင်း ၁၄ ကျောင်းက ကျောင်းသား ၉၆ ယောက်လေ့လာခွင့်ရခဲ့တာဖြစ်ကြောင်း၊ MCPA, UMFCCI မှဆရာနည်းပြတွေ မှလည်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ နည်ပညာရပ်တွေပို့ချပေးကြောင်း၊ Intern ဆင်းတဲ့ နောက်ဆုုံးနေ့ မှာ ကျောင်းသားကျောင်းသူတွေအနေနဲ့ Project Presentation တွေကိုပြုလုပ်ရကြောင်းသိရပါတယ်။