KaiOS feature phone operating system မွာ ေဒၚလာ ၂၂ သန္း ရင္းႏွီးျမွဳပ္ႏွံလိုက္တဲ့ Google

[ Zawgyi ]

Mozilla ဟာ ကုမၸဏီရဲ႕ စမတ္ဖုန္း operating system ျဖစ္တဲ့ Firefox OS ဖြံ႕ၿဖိဳးတိုးတက္မႈကို ၂၀၁၇ ႏွစ္စမွာ ရပ္ဆိုင္းခဲ့ပါတယ္။ ဒါေပမဲ့ Firefox OS က open-source ျဖစ္တဲ့အတြက္ေၾကာင့္ အျခားကုမၸဏီေတြက ထုတ္ကုန္သစ္ေတြအတြက္ အဲ့ဒီ code ကိုအသံုးျပဳခဲ့ၾကပါတယ္။

KaiOS ဟာ Firefox OS ရဲ႕ အခြဲတစ္ခုျဖစ္ၿပီး ၂၀၁၇ မတ္လမွာ ပထမဆံုးျဖန္႔ခ်ိခဲ့ပါတယ္။ Google ဟာ KaiOS အတြက္ application ေတြကို ဖန္တီးခဲ့ေပမယ့္ အခုအခါမွာေတာ့ KaiOS ဖန္တီးတဲ့ ကုမၸဏီမွာ ေဒၚလာ ၂၂ သန္း ရင္းႏွီးျမွဳပ္ႏွံခဲ့ပါတယ္။

လက္ရိွမွာ KaiOS ကို Alcatel OneTouch Go Flip, Reliance Jio JioPhone နဲ႔ Nokia 8110 4G တို႔လို ထုတ္ကုန္ေတြနဲ႔ပဲ တင္ပို႔ေရာင္းခ် ပါေသးတယ္။ Firefox လိုပဲ app ေတြကို HTML5, JavaScript နဲ႔ CSS တို႔လို ဝက္ဘ္နည္းပညာေတြနဲ႔ ေရးသားထားပါတယ္။ App Store မွာ Facebook, Twitter, Google Assistant, Weather Channel နဲ႔ Google Maps တို႔လို application ေတြပါဝင္ပါတယ္။

-ေနာင္ေနာင္
Ref: AndroidPolice

[ Unicode ]

Mozilla ဟာ ကုမ္ပဏီရဲ့ စမတ်ဖုန်း operating system ဖြစ်တဲ့ Firefox OS ဖွံ့ဖြိုးတိုးတက်မှုကို ၂၀၁၇ နှစ်စမှာ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ Firefox OS က open-source ဖြစ်တဲ့အတွက်ကြောင့် အခြားကုမ္ပဏီတွေက ထုတ်ကုန်သစ်တွေအတွက် အဲ့ဒီ code ကိုအသုံးပြုခဲ့ကြပါတယ်။

KaiOS ဟာ Firefox OS ရဲ့ အခွဲတစ်ခုဖြစ်ပြီး ၂၀၁၇ မတ်လမှာ ပထမဆုံးဖြန့်ချိခဲ့ပါတယ်။ Google ဟာ KaiOS အတွက် application တွေကို ဖန်တီးခဲ့ပေမယ့် အခုအခါမှာတော့ KaiOS ဖန်တီးတဲ့ ကုမ္ပဏီမှာ ဒေါ်လာ ၂၂ သန်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

လက်ရှိမှာ KaiOS ကို Alcatel OneTouch Go Flip, Reliance Jio JioPhone နဲ့ Nokia 8110 4G တို့လို ထုတ်ကုန်တွေနဲ့ပဲ တင်ပို့ရောင်းချ ပါသေးတယ်။ Firefox လိုပဲ app တွေကို HTML5, JavaScript နဲ့ CSS တို့လို ဝက်ဘ်နည်းပညာတွေနဲ့ ရေးသားထားပါတယ်။ App Store မှာ Facebook, Twitter, Google Assistant, Weather Channel နဲ့ Google Maps တို့လို application တွေပါဝင်ပါတယ်။

-နောင်နောင်
Ref: AndroidPolice