JVC SP-SX2BT speaker

၃၆၀ ဒီဂရီ ပတ်လည်အသံထွက်နိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ JVC SP-SX2BT speaker ဖြစ်ပါတယ်။ Indoor သာမက ကားအတွင်း၊ အပြင်နဲ့ ပျော်ပွဲစားထွက်တဲ့ နေရာတွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 40mm Speaker နှစ်လုံး ထောက်ပံ့ထားပါတယ်။ 2200 mAh rechargeable batteries ကို Built-in အနေနဲ့ ထောက်ပံ့ပေးထားတဲ့အတွက် ခြောက်နာရီကျော်ကြာ ဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Waterproof (IPX7) ဖြစ်လို့ ရေလုံ ဖုံလုံတဲ့အပြင် Multiple Use Design ဖြစ်လို့ ရုံးတွင်း၊ အိမ်တွင်း၊ ကားတွင်းနဲ့ ခရီးကြမ်း အသုံးပြုမှုတွေ ပျော်ပွဲစားခရီးတွေမှာပါ အသုံးပြုနိုင်မှာပါ။ သားရေအဖုံးနဲ့ အုပ်ထားပါတယ်။ 35 g သာရှိလို့ သွားလေရာပေါ့ပေါ့ပါးပါး သယ်ဆောင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၁၂၇,၅၀၀ ကျပ်ဖြစ်ပြီး Technoland ဖုန်း ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ