JVC HA-F250 Bluetooth Earphone

အားကစားသမားတွေနဲ့ ဂီတကိုကြိုက်နှစ်သတ်တဲ့သူတွေအတွက် အထူးသင့်လျော်တဲ့ JVC HA-F250 Bluetooth Earphone ဖြစ်ပါတယ်။ ဂျပန်နိုင်ငံထုတ်ဖြစ်ပြီး Wireless inner ear headphones ဖြစ်ပြီး Nozzle Fit’ Design နဲ့ပြုလုပ်ထားတာကြောင့် အသုံးပြုတဲ့အချိန်မှာ နားကို သက်သောင့်သက်သာ ရှိစေပါတယ် ။ နားနဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ ပုံဖော်ထားတာကြောင့် အားကစားသမားတွေအတွက် အဆင်ပြေသလို အပြေးအားကစားသမားတွေ အပြေးလေ့ကျင့်နေစဉ် အချိန် တွေမှာတောင် နားကနေ ပြုတ်မကျနိုင်ပါဘူး။ Bluetooth Earphone ဖြစ်တာကြောင့် သီချင်းနားထောင်နေစဉ်၊ အားကစားလုပ်နေစဉ် အချိန်တွေမှာ ကြိုးတွေ ရှုပ်နေတာမျိုးတွေ မဖြစ်နိုင်လို့ ဂီတနှင့်အားကစား အပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ အသုံးမပြုလိုတဲ့ အချိန် လည်ပင်းမှာ ချိတ်ဆက်ထားလို့ရတာက အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Sport Type ကိုမှ Sweat Proof ဖြစ်တာကြောင့် အကြမ်းခံနိုင်ပြီး ရေမှုန် ရေမွှားဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ Earpieces ကလည်း S/M/L သုံးမျိုး ပါဝင်လို့ အဆင်ပြေတဲ့ အရွယ်အစားကို တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ Volume +, – /Answer call,End call /power button စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး Built-in Mic ပါဝင်လို့ ဖုန်းပြောတာကိုပါ လုပ်ဆောင်နိုင်ပါတယ်။ Bluetooth ကိုလဲ ၁၀ မီတာအတွင်း ချိတ်ဆက်နိုင်ပြီး ios & Android ဖုန်းတွေမှာ အလွယ်တကူ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ဘက်ထရီသက်တမ်းက ၇ နာရီ ဆက်တိုက် အသုံးပြုနိုင်ပြီး ပြန်လည်အားသွင်းရန်အတွက် Micro USB charging cable နဲ့ ၂ နာရီခန့် အားသွင်းပေးရမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ အပြာနဲ့ ပန်းရောင်ဆိုပြီး နှစ်ရောင်ရှိပါတယ်။

တန်ဖိုးကတော့ ပရိုမိုးရှင်းကာလမှာ ၅၉ ,၀၀၀ ကျပ် ဖြစ်ပြီး Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««