Jumper Ezpad Pro 8 2 in 1 Tablet PC

Tablet လိုရော Laptop လိုပါ နှစ်မျိုးအသုံးပြုနိုင်တဲ့ Jumper Ezpad Pro 8 ဖြစ်ပါတယ်။ ရုံးသုံး၊ အိမ်သုံးနဲ့ အွန်လိုင်းသင်ကြားရေးအတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Magnetic hard Keyboard ဖြစ်တဲ့အတွက် ဖြုတ်/တပ်ရာမှာ အဆင်ပြေလွယ်ကူပြီး အကြမ်းလည်းခံမှာ ဖြစ်ပါတယ်။Quad Core, Intel Celeron N3450 CPU ထောက်ပံ့ပေးထားပြီး မြန်နှုန်း 1.1 GHz, ကနေ 2.2GHz အထိ ရရှိမှာဖြစ်ပါတယ် ။ Intel HD Graphics 500 ထောက်ပံ့ပေးထားပြီး RAM ပိုင်းအတွက်ကိုတော့ DDR4 စနစ်နဲ့ 8GB အထိ ထောက်ပံ့ပေးထားပါတယ်။ Storage အတွက် SSD စနစ် နဲ့ 128GB ထည့်သွင်းပေးထားပါတယ်။ 4500 mAh ဘက်ထရီ ထောက်ပံ့ပေးထားပြီး ၁၁.၆ လက်မအရွယ်ရှိ Full HD Display ထောက်ပံ့ပေးထားပါတယ်။ ရုပ်ထွက်ကို 1920 x 1080 IPS panel အထိ ရရှိမှာပါ။

အခြားသော စနစ်တွေ အနေနဲ DC,USB 2.0,USB 3.0, micro HDMI, Type-C,TF card, Audio jack, speaker, WiFi, Bluetooth, Camera Front 1.0MP စတာတွေထောက်ပံ့ပေးထားပြီး OS အတွက် Windows 10 home Licensed ထောက်ပံ့ပေးထားပါတယ်။ အမေရိကန်ဒေါ်လာ ၃၃၀ နဲ့ ညီမျှတဲ့ မြန်မာငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 1 year parts & service warrantyပေးထားပါတယ်။ Royal Ayeyarwaddy Co.,Ltd မှ authorized distributor အနေနဲ့ တရားဝင် တင်သွင်းဖြန့်ချိပြီး အသေးစိတ်ကို ဖုန်း – ၀၉၂၅၂၀၈၂၇၀၀ ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««