Jumper Ezbook X3 air

ရုံးသုံး၊ အိမ်သုံးနဲ့ အွန်လိုင်းသင်ကြားရေး အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်မယ့် Jumper Ezbook X3 ဖြစ်ပါတယ်။ Mocha Brown Color နဲ့ဝင်ရောက်လာတာ ဖြစ်ပြီး Case material အနေနဲ့ Full metal ကို သုံးထားတဲ့အတွက် ပေါ့ပါးအကြမ်းခံတဲ့ အပြင် 1.06 kg သာရှိပြီး ပါးလွှာတဲ့ ဒီဇိုင်းကြောင့် ဘယ်သွားသွား သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ Intel Gemini Lake N4100 CPU ထောက်ပံ့ပေးထားပြီး Graphic ပိုင်းအတွက် Intel HD Graphics 600 ထောက်ပံ့ပေးထားပါတယ်။

RAM ပိုင်းအတွက်ကိုတော့ DDR4 စနစ်နဲ့ 8GB အထိ ထောက်ပံ့ပေးထားပါတယ်။ Storage အတွက်ကိုတော့ SSD နဲ့ 128GB ထည့်သွင်းပေးထားပါတယ်။ ၁၃.၃ လက်မအရွယ်အစား IPS Display နဲ့ဖြစ်ပြီး ရုပ်ထွက်အနေနဲ့ 1920 x 1080 အထိ ရရှိမှာဖြစ်ပါတယ်။

ဘက်ထရီကိုတော့ 4250mAH 7.6V ထည့်သွင်း အသုံးပြုထားပါတယ်။ အခြားသော စနစ်တွေအနေနဲ့ I/O Port Typc-Cx1/Mini HDMI/TF cardx1/Audiox1/, USB2.0x1/USB 3.0×1/DCx1/, Backlit keyboard N/A, Wireless 802.11 AC and BT 4.2, Webcam 1.0MP စတာတွေထောက်ပံ့ပါဝင်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၃၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Royal Ayeyarwaddy Co.,Ltd မှ authorized distributor အနေနဲ့ တရားဝင် တင်သွင်းဖြန့်ချိထားပြီး အသေးစိတ်ကို ဖုန်း – ၀၉ ၂၅၂ ၀၈၂၇၀၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««