JSho (Android)

ဂျပန်ဘာသာစကားကိုလေ့လာနေသူတွေအတွက် JSho ဆိုတဲ့ app ဟာ အင်္ဂလိပ် ဂျပန်အဘိဓာန် ဖြစ်ပါတယ်။ ဒီ အဘိဓာန်ဟာ offline အနေနဲ့ သုံးစွဲနိုင်အောင် စီစဉ်ပေးထားပြီး စကားလုံးတွေရဲ့ အဓိပ္ပာယ်ကိုသာမက kanji တွေရဲ့ အဓိပ္ပာယ်တွေကိုလည်းရှာဖွေနိုင်အောင် အထောက်အပံ့ပေးထားပါတယ်။

အဆိုပါ app ကို ထည့်သွင်းအသုံးပြုလိုသူတွေအနေနဲ့ Play Store ကနေ အခမဲ့ download လုပ်ယူနိုင်မှာဖြစ် ပါတယ်။ ဖိုင်အရွယ်အစားကတော့ 18.5MB ခန့်ရှိမှာဖြစ်ပြီး Android version 2.3 နဲ့အထက်မှာထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ