JoviOS အသစ်ကို မိတ်ဆက်ဖို့ vivo ပြင်ဆင်

၂၀၁၄ ခုနှစ်နောက်ပိုင်း ထွက်ရှိခဲ့တဲ့ vivo ဖုန်းတွေမှာ FunTouchOS ဟာ default Android UI တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မကြာမီမှာ ကုမ္ပဏီအနေနဲ့ JoviOS အမည်ရ UI အသစ်ကို ပြောင်းလဲအသုံးပြုဖို့ ပြင်ဆင်နေပါတယ်။

JoviOS ဟာ vivo က အသစ်ဖြန့်ချိမယ့် X30 စီးရီးတွေမှာ စတင်ပါဝင်လာမယ်လို့ FunTouchOS စီမံကိန်းမန်နေဂျာက Weibo ကနေ ထုတ်ပြန်ခဲ့ပါတယ်။အခုအခါမှာတော့ JoviOS အသေးစိတ် အချက်အလက်တွေ မသိရသေးဘဲ လိုဂိုဒီဇိုင်းပဲ ထွက်ပေါ်လာသေးတယ်။ vivo အနေနဲ့ JoviOS ရဲ့ UI ကို ပြန်လည်ဆန်းသစ်ပြီး ဒီဇိုင်းပြောင်းလဲမှုကို ကြီးကြီးမားမား ဆောင်ရွက်ထားပါတယ်။

ဒါ့အပြင် vivo X30 Pro 5G ဓာတ်ပုံလည်း အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။ အဲဒီ ထုတ်ကုန်ရဲ့ ဘယ်ဘက်ထိပ်မှာ နားကြပ်ပေါက် ပါဝင်လာပါတယ်။

X30 စီးရီးတွေဟာ 60x hybrid zom အထိပါဝင်မယ့် ပယ်ရီစကုပ်ကင်မရာပါဝင်တဲ့ ပထမဆုံး vivo ဖုန်း ဖြစ်လာမှာပါ။ ဖုန်းမှာ Samsung ရဲ့ Exynos 980 SoC, AMOLED display နဲ့အတူ 90Hz refresh rate နဲ့ 128GB RAM အထိ ပါဝင်လာပါတယ်။

စိုးထက်
Ref: GSMArena