Journey To The Savage Planet

ရုပ်ထွက် ဆန်းဆန်း၊ပတ်ဝန်းကျင် ဖန်တီးမှုတွေလည်းဆန်းသစ်ပြီး ပေါ့ပေါ့းပါးပါးနဲ့ ကစားလို့ကောင်းမယ့် စွန့်စားခန်း ဂိမ်းသစ်လေးတစ်ခုနဲ့ အခုတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ ကမ္ဘာမြေမဟုတ်တဲ့ စကြာဝဠာအတွင်းက ဂြိုဟ်သစ်တစ်ခုကို သွားရောက်ခြင်းပါ။ Single အနေနဲ့လည်း သွားလို့ရမယ်၊ အွန်လိုင်းချိတ်ပြီး နှစ်ယောက်တွဲက စားလို့လည်းရ နိုင်ပါတယ်၊ Platform အနေနဲ့ဆိုရင်လည်း PS4 ရော Xbox One နဲ့ပါ ကစားနိုင်အောင် ဖန်တီးထားတာပါ။
ကဲ ကြည့်ရအောင်၊ ဂိမ်းမှာ ဘာတွေဆန်းသစ်ထားသလဲဆိုတာ၊ အရင်ဆုံး ပတ်ဝန်းကျင် အနေအထားမှာ မြေဆွဲအားနည်းတဲ့ သဘောကို ထည့်သွင်းဖန်တီးထားပြီး မြေပြင်နဲ့ ချိတ်ဆက်မှုမရှိတဲ့ ကျောက်ဆောင်တွေက လေထဲက လွင့်မျောနေတယ်၊ သစ်ပင်တွေ ပါရှိပေမယ့် အစိမ်းရောင် မဟုတ်ဘဲ ပန်းရောင်ပုံစံနဲ့ ဖြစ်မယ်၊ ကမ္ဘာမြေမှာလိုပဲ ရေနေ၊ ကုန်းနေ သတ္တဝါတွေ ပါပေမယ့် ရုပ်ထွက်တွေကတော့ ဆန်းသစ်တယ်၊ အထူးသဖြင့် သတ္တဝါတွေရဲ့ မျက်လုံးတွေကအ ရွယ်အစားကြီးမားအောင် ဖန်တီးထားတယ်၊ ချစ်စရာကောင်းပါတယ်၊ ကမ္ဘာမြေမှာလိုပဲ လူကိုရန်ပြုတဲ့ သတ္တဝါလဲ ရှိသလို ချစ်စရာအကောင်းလေးတွေလဲ ပါတယ်။

စွန့်စားခန်းရော တိုက်ခိုက်ခန်းပါ ရောနှောထားတဲ့ ဂိမ်းဖြစ်လို့ မိမိမရောက်ဖူးသေးတဲ့ နေရာတစ်ခုမှာ ပတ်ဝန်းကျင်ရော သတ္တဝါတွေကိုပါ လေ့လာရမယ်၊ မှတ်သားရမယ်၊ နောက်ထပ်နေရာသစ်တွေ ရောက်အောင် သွားလာနိုင်ရမယ်၊ ဒါပေမယ့်စွန့်စားခန်းအဖြစ်နဲ့တော့ ရန်ပြုလာတဲ့ သတ္တဝါတွေကို တိုက်ခိုက်အနိုင်ယူရပါလိမ့်မယ်။ Kindred အာကာသယာဉ်နဲ့အတူ ဂြိုဟ်သစ်တစ်ခုကို ခြေချလေ့လာတဲ့ ကစားသူအနေနဲ့တော့ နည်းပညာပိုင်း အားကောင်းနေပြီးသား ပါ။ လက်နက်ဆန်းတွေပါမယ်၊ အကူအညီပေးစနစ်တွေရောပေါ့။

ပစ္စတိုသေနတ်ပုံစံ လက်နက်က တိုက်ခိုက်ရေး အတွက်တင် မဟုတ်ဘဲ ဘက်စုံသုံးနိုင်အောင် ဖန်တီးပေးထားတဲ့ ကစားသူအတွက်လက်နက်ပါ။ ဥပမာ သေနတ်လို ပစ်ခတ်ချင်တဲ့အချိန်မှာ ပစ်ခတ်နိုင်တယ်၊ မီးထွန်းချင်တဲ့ အချိန်မှာ မီးထွန်းနိုင်တယ်၊သံလိုက်ဆွဲအား သဘောမျိုးအမြင့် တနေရာကို ခုန်ချင်တဲ့အချိန်ကြိုး ပုံစံဆွဲအားဖန်တီးပြီး ဆွဲတက်နိုင်တယ်၊ တခြား ဘယ်လိုတွေ သုံးရသေးသလဲ ကျွန်တော်အကုန် မပြောပြတော့ပါဘူး။ သဘောကျစရာ ကောင်းတဲ့ လက်နက်ပါ။

ပြီးတော့ ကစားသူကပတ်ဝန်းကျင် အသစ်မှာ ချပ်ဝတ်တန် ဆာပါမယ်၊ လက်နက်ပါမယ်၊ သူ့ရဲ့ပန်းတိုင်က ရောက်ရှိဂြိုလ် ကမ္ဘာရဲ့သဘောတရားအား လုံးနားလည်ဖို့၊ ဒါပေမဲ့တစ်ခုရှိသေးတယ်၊ ဒီဂြိုဟ်ကို ကစားသူပဲ အရင်ဆုံး ရောက်ရှိတာလား၊ ရှေ့မှာ ရောက်နှင့်သူ ရှိနေရင် သူတို့ကရော ကိုယ့်ကိုရန်ပြုမှာလား၊ ကြိုဆိုမှာလား၊ ဒါကတော့ ဂိမ်းဖန်တီးသူတွေရဲ့ လှည့်ကွက် တစ်ခုပါ။ ဒီတော့ ဇာတ်လမ်းသွားက စားနေရင်း ပတ်ဝန်းကျင်က သတ္တဝါတွေကိုပဲ အာရုံစိုက်နေလို့မရပါဘူး။ မိမိအရင်ရှိနှင့်နေမယ့် အခြားလူသားတွေကိုလည်း သတိထားရမယ်၊ လိုအပ်ရင်ရှောင်ဖို့၊ တိုက်ခိုက်ဖို့ပါ ပြင်ဆင်ရပါလိမ့်မယ်။ ဇာတ်လမ်းတစ်ခန်းနဲ့ တစ်ခန်းပြီးရင် ဆက်ကစားရမယ့် တာဝန်ကို ဂိမ်းစနစ်က ချပေးလာလို့ ဇာတ်လမ်းသွား ကစားရတာ မခက်ပါဘူး။ ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို မြေဆွဲအားနည်းတဲ့ နေရာ၊ ပုံမှန် လေထု မရှိတဲ့ နေရာ၊ အဖက်ဖက်ကနေ ရန်ပြုခံရဖို့ အချိန်မရွေး ရှိလာနိုင်တဲ့ နေရာမှာ Single အနေနဲ့တော့ တော်တော်လေး ရုန်းကန်ရဖို့ ရှိပါတယ်။ အနိုင်ရမယ်ဆိုရင်တော့ ဂြိုဟ်ကမ္ဘာ အသစ်က သင့်အတွက်ပေါ့။ ပျမ်းမျှကစားချိန် နာရီ ၃၀ လောက်လိုတဲ့ အခုဂိမ်းကို တစ်ယောက်တည်းသာ ကစားရင် တိုင်ပတ်နေဖို့များပါတယ်။ သူငယ်ချင်းတစ်ယောက် ခေါ်ပြီး စွန့်စားခန်း အတူဝင်ကြည့်ပေါ့။