JOOX Data Pack ဒေတာပက်ကေ့ချ် အသစ်ကို မိတ်ဆက်

ကြိုက်နှစ်သက်ရာ အင်တာနက် အသုံးပြုနိုင်မယ့် JOOX Data Pack ဒေတာပက်ကေ့ချ် အသစ်ကို MPT မှ မိတ်ဆက်လိုက်ပါတယ်။

JOOX Data Pack ဒေတာပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုက်ရုံနဲ့ JOOX ရဲ့ VIP အကျိုးခံစားမှုတွေဖြစ်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာတေးသီချင်း သန်းပေါင်းများစွာ ပါဝင်တဲ့ တေးသီချင်းများကို အကန့်အသတ်မရှိ ဝင်ရောက် ခံစားနားဆင်နိုင်မယ်လို့ သိရပါတယ်။ JOOX Data Pack ကို ၁ ရက်စာ ၁၂၉ ကျပ် 100 MB ၊ ၇ ရက်စာ ၄၅၉ ကျပ် 350 MB၊ ရက် ၃၀ စာ ၈၀၀ ကျပ် 500 MB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

JOOX Data Pack ကိုဝယ်ယူခြင်းဖြင့် MPT သုံးစွဲသူတွေအနေနဲ့ JOOX ရဲ့ တေးသီချင်းတွေကို အခမဲ့ နားဆင်နိုင်မှာဖြစ်သလို လူမှုကွန်ရက်မှတစ်ဆင့် ဗွီဒီယိုတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းနဲ့ အွန်လိုင်းဂိမ်းကစားခြင်း စတဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ JOOX Data Pack ကို USSD Code နံပါတ် *8003# သို့ ခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U app မှတစ်ဆင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««