JOOX မှ ၂၀၂၀ ပထမနှစ်ဝက်ဆုပေးပွဲ ရွှေတံဆိပ်ဆုရှင်များနှင့် သီချင်းများကို ထုတ်ပြန်ကြေညာ

JOOX အက်ပလီကေးရှင်းမှ ၂၀၂၀ ပထမနှစ်ဝက်အတွင်း ရေပန်းစား အနုပညာရှင်တွေနဲ့ သီချင်းတွေကို ကြေညာခဲ့ပါတယ်။။ ဆုရရှိသူများစာရင်းတွင် JOOX အက်ပလီကေးရှင်း အသုံးပြုသူတွေ ကိုယ်တိုင်ရွေးချယ်ထားတဲ့ ပထမနှစ်ဝက် အတွင်း ရေပန်းစား အနုပညာရှင် ၅ ဦးနဲ့ သီချင်း ၅ ပုဒ်ပါဝင်ပါတယ်။ JOOX မှ ပထမနှစ်ဝက်အတွင်း ရေပန်းစား အနုပညာရှင် ၅ ဦးနဲ့သီချင်း ၅ ပုဒ်ကို ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ပထမနှစ်ဝက်အတွင်း ရေပန်းစား အနုပညာရှင် ၅ ဦး

စိုင်းစိုင်းခမ်းလှိုင်၊ AR-T ၊ ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို၊ Benjamin Sum

ပထမနှစ်ဝက်အတွင်း ရေပန်းစား သီချင်း ၅ ပုဒ်

– ဒုတိယဘုရားသခင် (တေးရေး− ဒယ်ဒီသံသံ၊ တေးဆို − ဖြိုးမြတ်အောင်)၊ Album: သင့်အတွက်မနက်ဖြန်

– ထွက်သွားပါတော့ (တေးရေး− ဝေဟင်ကိုကို ၊ တေးဆို– ဖြူဖြူကျော်သိန်း)၊ Album: ထွက်သွားပါတော့

– အိပ်မက်လေး (တေးရေး–ဆောင်းဦးလှိုင်နှင့် AR-T၊ တေးဆို – AR-T) Album: အိပ်မက်လေး

– Loser (တေးရေး – ဟဲလေး ၊တေးဆို – ချမ်းမြေ့မောင်ချို) ၊ Album : Eleven

– နည်းနည်းလေးချစ်ပေးပါ (တေးရေး- ဝေလ၊ တေးဆို – Eint Chit) ၊ Album: နည်းနည်းလေးချစ်ပေးပါ

-အောင်သူ