JOOX မန်ဘာများမှ ပထမနှစ်ဝက်ဆုပေးပွဲအတွက် မိမိကြိုက်နှစ်သက်သည့် အဆိုတော်ကို အက်ပလီကေးရှင်းမှ တစ်ဆင့် မဲပေးရွေးချယ်နိုင်မည်

အင်တာနက်မှ သီချင်းနားထောင်နိုင်တဲ့ JOOX အက်ပလီကေးရှင်းမှ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ဆုပေးပွဲကို ပထမဆုံးအကြိမ်အဖြစ် JOOX အက်ပလီကေးရှင်းမှာ သြဂုတ် ၃ ရက် မှ ၁၄ ရက် အထိ အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ၁၂ ရက် အတွင်းတွင် JOOX အသုံးပြုသူတွေ အနေနဲ့ ၂၀၂ဝ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း ရေပန်းစားလျက်ရှိတဲ့ တေးသီချင်း အပုဒ် ၁၀၀ နဲ့တေးသံရှင် ၁၀၀ ထဲမှ မိမိသဘောကျ နှစ်သက်သူတွေကို မဲပေးရွေးချယ်နိုင်မှာဖြစ်ပြီး မဲပေးကာလအဆုံးမှာ JOOX မှ မဲအများဆုံးရရှိတဲ့ တေးသီချင်း ၅ ပုဒ်နဲ့ တေးသံရှင် ၅ ဦးကို ရွှေတံဆိပ်ဆု ချီးမြှင့်သွားမှာဖြစ်ပါတယ်။ JOOX မှ ၂၀၂ဝ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း ရေပန်းစားလျက်ရှိတဲ့ တေးသီချင်းအပုဒ် ၁၀၀ နဲ့ တေးသံရှင် ၁၀၀ တို့ကို JOOX အက်ပလီကေးရှင်းမှာ သြဂုတ် ၃ ရက် မှ ၁၄ ရက်အထိ ကြေညာပေးမှာဖြစ်ပြီး JOOX အက်ပလီကေးရှင်းကို အခမဲ့ သုံးစွဲသူတွေဟာ တစ်နေ့ကို အကြိမ် ၁၀၀ အထိ မဲပေးနိုင်မှာဖြစ်ပါတယ်။ VIP သုံးစွဲသူတွေကတော့ တစ်နေ့ကို အကြိမ် ၁၅၀ အထိ မဲပေးနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ မဲပေးသူတွေအနက် တေးသံရှင် ၅ ဦးနဲ့ တေးသီချင်း ၅ ပုဒ် တို့ကို မဲပေးတဲ့ ပရိသတ် ၁၀ ဦးအား အထူးဆုတွေပေးအပ်သွားမည့် အပြင် JOOX VIP package အသုံးပြုခွင့် တစ်နှစ်စာ ပေးအပ်သွားမယ့် Top Fan ကျပန်းရွေးချယ်မှုအစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံကျော် နားဆင်မှုရှိတယ်လို့ သိရပါတယ်။

-သန္တာ