JOOX တွင် Check In ပြုလုပ်ရုံဖြင့် ဆုလက်ဆောင်များ ရရှိနိုင်မည်

JOOX မှ စိတ်ဝင်စားဖွယ် ဆုလက်ဆောင်တွေ ကံစမ်းရရှိနိုင်မယ့် အစီအစဉ်ကို စတင် ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ “Check In Every Day and Win the Lucky Draw” အစီအစဉ်တွင် JOOX Member အားလုံးမှ အက်ပလီကေးရှင်းထဲမှာရှိတဲ့ “Check In” Icon ကို နှိပ်ပြီး ပါဝင်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ကံထူးသူတွေကို JOOX အက်ပလီကေးရှင်းရှိ Pop-up မက်ဆေ့ချ်နဲ့ အသိပေး အကြောင်းကြားသွားမှာဖြစ်ပြီး ဆုကံစမ်းမဲ ရရှိသူတွေဟာ JOOX Myanmar Facebook Page Chat Box သို့ တိုက်ရိုက် လာရောက်ဆက်သွယ်ကာ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ဆုလက်ဆောင်တွေအနေနဲ့ iPhone 11 (128GB) , ၁၀၀,၀၀၀ ကျပ်၊ ၃၀,၀၀၀ တန် ဖုန်းငွေဖြည့်ကတ်၊ ၁၀,၀၀၀ တန် ဖုန်းငွေဖြည့်ကတ်၊ VIP အခွင့်အရေးနဲ့ Coins တွေရရှိမှာဖြစ်ပါတယ်။

JOOX အသုံးပြုသူ Member တစ်ဦးတစ်ယောက်ချင်းစီမှ နေ့စဉ် တစ်ကြိမ်စီ ဝင်ရောက်ကာ Check In လုပ်နိုင်မှာဖြစ်ပြီး အဆိုပါအစီအစဉ်မှာ စက်တင်ဘာ ၂၇ ရက်အထိ ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««