Job of the Manager အွန်လိုင်းသင်တန်းဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူးပြီး Job of the Manager အွန်လိုင်းသင်တန်းဖွင့်မယ်လို့ သိရပါတယ်။

သင်တန်းကို ဆရာဦးမင်းမြတ်စိုးမိုး (JOMAN Certified) ကိုယ်တိုင်သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းကို ဇန်နဝါရီ (၂၃/၂၄/၃၀/၃၁) ရက်နေ့တွေမှာ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

Manager/Senior Manager/ Director ရာထူးနဲ့ Management Experience အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိသူတွေ၊ IT Company တွင် Management Level မှာ တာဝန်ထမ်းဆောင်နေတဲ့ Expert/Specialist တွေ၊ IT လုပ်ငန်းအတွေ့အကြုံရှိသော်လည်း Management and Leadership Best practices တွေနဲ့ စနစ်တကျလုပ်ဆောင်ရန် စိတ်ပါဝင်စားသူတွေ၊ IT Expert/Specialist Level မှ Management Level သို့ တက်လှမ်းရန် စိတ်အားထက်သန်သူတွေ၊ ပူပူနွေးနွေး Manager ဖြစ်လာသူတွေနဲ့ Manager ဖြစ်နေသော်လည်း စာတွေ့၊ လက်တွေ့ ပေါင်းစပ်နားလည်ချင်သူတွေ တက်ထားသင့်တဲ့ သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ Personal Mastery, Personal skills for success, Understanding self, Becoming and effective manager, Communication skills, People Management, Building and managing  teams, Team dynamics, Developing a high performance team, Managing people and performance, Coaching, Organizational Alignment, Managing and leading change in orgamization, Change agent, Cange processes, Appreciative inquiry အစရှိတဲ့ ဘာသာရပ်​တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

Zoom ​နဲ့ သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းကြေးအနေနဲ့ ၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း-၀၁၂၃၀၅၀၃၄၊ ၀၉၄၂၅၀၂၂၉၇၆ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««