JCUS ၏ Merit Scholarship အကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

KMD Institute နဲ့ James Cook University Singapore တို့မှ ပူးပေါင်းကျင်းပသွားမယ့် Scholarships Online Counseling Session ကို ဇန်နဝါရီ ၂၃ ရက်၊ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အခမ်းအနားသို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ GCE ‘O’, IGCSE ဖြေဆိုအောင်မြင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ IDCS, IADCS, HND Level 4, Level 5 စတဲ့ နိုင်ငံတကာ အသိအမှတ်ပြု Diploma, Advance Diploma ရရှိထားသူများ၊ ABE LCCI အောင်မြင်ပြီးသူများ၊ မြန်မာနိုင်ငံမှ အင်ဂျင်နီယာဘွဲ့၊ ကွန်ပျူတာဘွဲ့၊ စီးပွားရေးဘွဲ့ရထားတဲ့သူများ၊ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကို စိတ်ပါဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘများ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွင် JCUS မှာ သင်ကြားနိုင်မယ့်ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး ရရှိနိုင်တဲ့ဘွဲ့များ၊ ဝင်ခွင့်လိုအပ်ချက်များ၊ နေထိုင်စားသောက်မှုနှင့် ကုန်ကျစရိတ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ James Cook University တွင် ပညာသင်ဆု စာသင်နှစ်တစ်နှစ်စာကို ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း အထိ အသီးသီးလျှောက်ထားနိုင်မယ့် အခွင့်အလမ်းများ၊ ကျောင်းလခပိုမို ပေးဆောင်ရန်မလိုဘဲ သြစတြေးလျမှာ သွားရောက်သင်ယူနိုင်မယ့်အကြောင်းအရာများ၊ ဘာသာရပ်အသစ်များနှင့် ပညာသင်ဆုလျှောက်ထားဖို့ကို ကိုယ်တိုင်ပြင်ဆင်ရမယ့်အချက်များ၊ပညာသင်ဆု ပေးအပ်ရာမှာ အကဲဖြတ်မှုပုံစံအသစ်များအားလုံးကိုပါ အသေးစိတ် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ http://tiny.cc/7ta8tz မှာ ဆက်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပြီး ဖုန်း- ၀၉၂၅၀၂၈၆၀၄၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««