JCUS ၏ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုကို အမှတ်စာရင်းပေါ်မူတည်ကာ ပေးအပ်မည်

James Cook University Singapore ရဲ့ ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုတွေကို ယခင်ကဲ့သို့ ပညာသင်ဆုစာမေးပွဲတွေနဲ့ စစ်ဆေးခြင်း မပြုလုပ်တော့ဘဲ မြန်မာဆယ်တန်း/iGCSE ကျောင်းသား၊ ကျောင်းသူတွေရဲ့ အမှတ်စာရင်းကို ကြည့်ကာ ပေးအပ်သွားမယ်လို့သိရပါတယ်။

ပညာသင်ဆုကို နိုဝင်ဘာလ ကျောင်းဖွင့်ချိန် တစ်နှစ်စာ (ဘာသာရပ် ၈ ခုစာ)အတွက် ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း ပညာသင်ဆုတွေကို ပေးအပ်မှာ ဖြစ်ပါတယ်။

ပညာသင်ဆု လျှောက်ထားလိုသူတွေ အနေနဲ့ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်) တွေ ယူဆောင်လာရမှာ ဖြစ်ပါတယ်။ JCUS Application Formကို ကိုယ်တိုင်လာရောက် ဖြည့်သွင်းပြီးApplication Fee ဖြစ်တဲ့ စင်ကာပူဒေါ်လာ ၂၅၀ ပေးသွင်းရမှာ ဖြစ်ကာ မှတ်ပုံတင်မူရင်းနဲ့ အောက်တိုဘာ ၅ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို CROWN Education ဖုန်း – ၀၉၂၅၀၀၂၃၂၈၈ နဲ့ ၀၉၄၅၀၂၀၀၀၆၀ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««