JBL Wireless neckband headphones

အားကစား သမားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထား တဲ့ JBL Wireless Neckband အရည်အသွေးမြင့် Bluetooth Headphone ဖြစ်ပါတယ်။ အသံထွက်အရည် အသွေး ကောင်း မွန်စွာနဲ့သီချင်းနား ထောင်နိုင်သလို Handfree Call အနေနဲ့လည်းအသုံးပြုနိုင်မှာဖြစ် ပါတယ်။ Ear Tips ကို နုညံ့ ပျော့ပျောင်းတဲ့ ဆီလီကွန်သားနဲ့ ထုတ်လုပ် ထားတာဖြစ်ပြီး လည် ပင်းချိတ်ဖို့ In-ear neckband နဲ့ လုပ်ထားတာဖြစ်ပါတယ်။ Bluetooth Version 4.1 ထောက်ဖြစ်ပြီး 4-Button Remote/ Mic, RunSafe LED, JBL Charged Sound, Siri/ Google Now စတာတွေကို ထောက်ပ့ံပေးထားပါတယ်။ အသံအတိုးအလျှော့ ပါ၀ါအဖွင့်အပိတ်စတာတွေကို အလွယ်တကူ အ သုံးပြုနိုင်ပါတယ်။ Lithium-ion polymer (3.7V, 2*100mAh) ဘက်ထရီနဲ့ဖြစ်ပြီး Speed Charge ထောက်ပံ့ပေးထား တဲ့အတွက် နှစ်နာရီအားသွင်းရင် စုစုပေါင်း ဆယ့်တစ်နာရီ ကျော် ကြာ ဆက်တိုက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Headphone cableအရှည်က 100cm ရှိပါတယ်။ အလေးချိန်အနေနဲ့ ၀.၇၆ အောင်စပဲရှိလို့ ပေါ့ပေါ့ပါးပါးနဲ့ တပ်ဆင်အသုံးပြုနိုင်မှာပါ။ တန်ဖိုးက ၁၈၉,ဝဝဝ ကျပ်ဖြစ်ပြီး JPL Myanmar ဖုန်း ၀၉ ၉၅၁၅၁၀၉၀၀ နဲ့ JBL Store တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ