JBL Tune600BTNC

JBL ရဲ့ luxury ဆန်ဆန် တပ်ဆင်အသုံးပြုနိုင်တဲ့ Wireless Headphone မော်ဒယ်သစ် ပြည်တွင်း စျေးကွက်ထဲ ၀င်ရောက်လာပါတယ်။

Driver size -32mm ရှိပြီး Ear cushion material ကို ရေရှည်တပ်ဆင် အသုံးပြုသော်လည်း သက်သောင့်သက်သာ တပ်ဆင်နိုင်ဖို့ Frog skin PU leather နဲ့ ပြုလုပ်ထားပါတယ်။ Headphone cable အရှည်က 120cm ရှိပြီး အလေးချိန်က 173g သာလေးလို့ ပေါ့ပေါ့ပါးပါးနဲ့ တပ်ဆင် အသုံးပြုနိုင်မှာပါ။ သီချင်းနားထောင်ရုံသာမက Hands Free Call အနေနဲ့လည်း စွမ်းဆောင်နိုင်ပါတယ်။ ကားပေါ်မှာ ရထားပေါ်မှာ လေယာဉ်ပေါ်မှာ ပတ်ဝန်းကျင်မှာ ဆူညံနေလို့ သီချင်းကောင်းကောင်း နားထောင်လို့ မရဘူးဆိုရင်တော့ Noise-Cancelling ကို ဖွင့်ပြီး အေးအေးလူလူ အသုံးပြုနိုင်ပါတယ်။

Polymer Li-ion Battery (3.7V, 610mAh) ဘက်ထရီ ထောက်ပံ့ထားတဲ့အတွက် Quick Charging စနစ်ပါဝင်လို့ ၂ နာရီ သွင်းရုံနဲ့ ၁၂ နာရီ ကြာ အသုံးပြုနိုင်ပါတယ်။ Battery ကုန်နေချိန်မှာ Wire Cable နဲ့ ဆက်လက် အသုံးပြုနိုင်မှာပါ။ Bluetooth Version 4.1 ဖြစ်ပြီး Android & iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါ။ တန်ဖိုး – ၁၉၉,၀၀၀ ကျပ်နဲ့ JBL Myanmar ဖုန်း ၀၉ ၉ ၅၁၅၁၀၉ ၀၀ (ရန်ကုန်)၊ ၀၉ ၇၆၂၉ ၀၀၉ ၀၀ (မန္တလေး) တို့ကို ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။