JBL T120TWS Truly Wireless in-ear headphone

ပေါ့ပေါ့ပါးပါးရှိပြီး ချွေးထွက်တဲ့အချိန်အခါမျိုးမှာ ချွေးလုံလုံနဲ့ အသုံးပြုနိုင်မယ့် JBL T120TWS Truly wireless in-ear headphone ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားပြီး Bluetooth Headphone အမျိုးအစားဖြစ်ပါတယ်။ အသံထွက်အရည်အသွေး ကောင်းမွန်စွာနဲ့ သီချင်းနားထောင်နိုင်သလို Hand free Call အနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Aluminum Charging case လည်းပါဝင်မှာ ဖြစ်ပါတယ်။ Bluetooth Version 4.2 ကို ထောက်ပံ့ပေးထားပြီး 10m အကွာကနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Google Assistant, Voice Assistant, Wireless, Built-in Microphone, JBL Pure Bass Sound, Ear-bud , Hands Free Call စတာတွေလည်း ထောက်ပံ့ပေးထားပါတယ်။

Lithium-ion polymer (3.7V, 85mAh) ဘက်ထရီ ထောက်ပံ့ပေးထားတဲ့အတွက် အားအပြည့်သွင်းထားရင် Ear-bud ကို လေးနာရီကြာ ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Charger Case ကလည်း အားသွင်းခြင်းအတွက် ၁၂ နာရီအထိ ထောက်ပံ့ပေးထားပါတယ်။ တန်ဖိုးက ၁၆၉,၀၀၀ ကျပ်ဖြစ်ပြီး JBL Myanmar ဖုန်း – ၀၉ ၉ ၅၁ ၅၁၀ ၉ ၀၀ နဲ့ JBL Store တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ