JBL Soundgear

အိမ်တွင်းအသံခံစားမှုအတွက် ဒီဇိုင်းအသစ်နဲ့ ပြုလုပ်ထားတဲ့ JBL Soundgear ဖြစ်ပါတယ်။ နားမှာတပ်ဆင်စရာမလို၊ လက်မှာကိုင်ဆောင်စရာ မလိုဘဲ မိမိရဲ့ လည်ပင်းမှာ တပ်ဆင်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ Bass မြှင့်တင်ပေးနိုင်တဲ့ Quad transducers နဲ့ ပဲ့တင်သံပယ်ဖျက်တဲ့ နည်းပညာ အသုံးပြုထားသလို dual mic conferencing system လည်း ပါဝင်ပါတယ်။ နားရွက်မှာ တပ်ဆင်အသုံးပြုရတာမျိုး မဟုတ်တဲ့အတွက် VR သမားတွေ တွဲဖက် အသုံးပြုဖို့ ပိုမိုသင့်တော်ပါတယ်။ Bluetooth Version 4.2 ထောက်ပံ့ပေးထားပါတယ်။ Polymer Li-ion battery (3.7V, 800mAh) ဘက်ထရီ ထောက်ပံ့ပေးထားပြီး နှစ်နာရီအားသွင်းရင် ခြောက်နာရီ ဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Built-in Microphone ထောက်ပံ့ပေးထားပြီး Hands Free Call ဆောင်ရွက်မှုတွေအပြင် conferencing အသုံးချမှုတွေ ဆောင်ရွက်နိုင်ပါတယ်။ JBL Signature Sound , Multi-Point Connection , Remote control on ear cups , Siri/ Google Now စတာတွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးက ၃၉၉,၀၀၀ ကျပ်ဖြစ်ပြီး JBL Myanmar ဖုန်း – ၀၉ ၉ ၅၁၅၁၀၉ ၀ ၀ (ရန်ကုန်) နဲ့ ၀၉ ၇၆၂၉ ၀၀၉ ၀၀ (မန္တလေး) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««