JBL Partybox 300

အိမ်တွင်းသုံး အနေနဲ့ရော မိသားစု ပျော်ပွဲစား ခရီးတွေနဲ့ ပါတီပွဲတွေမှာ အသုံးပြုနိုင်မယ့် JBL ရဲ့ ထုတ်ကုန်သစ် Partybox 300 ပြည်တွင်းစျေးကွက်ထဲ ဝင်ရောက်လာပါတယ်။ သီချင်းဖွင့်ထားချိန်မှာ ရောင်စုံမီးတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အသံထွက် Output power (W)- 120W အထိ ရရှိမှာ ဖြစ်ပါတယ်။ 2 x 6.5″ / 165.1 mm Woofers 3 x 2.25″ / 57.15 mm Tweeters ထောက်ပံ့ပေးထားပါတယ်။ BT 4.2 version ထောက်ပံ့ပေးထားပြီး 1 x Stereo 2RCA (Audio), 1 x 1/8″ (3.5 mm) Stereo (Audio), 2 x 1/4″ TS (Audio), 1 x USB Type-A (Audio) နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ Battery အနေနဲ့ 10,400 mAh Lithium-Ion ဘက်ထရီ ထောက်ပံ့ပေးထားတဲ့ အတွက် နာရီပေါင်း ၁၈ နာရီဆက်တိုက် အသုံးပြုနိုင်ပါတယ်။ Indoor သုံးစွဲမှု အတွက် အိမ်သုံးလျှပ်စစ် AC Input နဲ့လည်း အသုံးပြုနိုင်မှာပါ။

အရွယ်အစား 310 x 690 x 320 mm ရှိပြီး အလေးချိန် အနေနဲ့ 15.8 kg ရှိပါတယ်။

ဆက်သွယ်ဝယ်ယူလိုသူတွေအနေနဲ့ JBL Myanmar ဖုန်း – ၀၉ ၉ ၅၁၅၁၀၉ ၀၀ (ရန်ကုန်)၊ ၀၉ ၇၆၂၉ ၀၀၉ ၀၀ (မန္တလေး) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ