JBL Live 400 BT On-Ear Headphone

ကြိုးမဲ့ရော ကြိုးနဲ့ပါ အသုံးပြုနိုင်တဲ့ JBL Live 400 BT On-Ear Headphone ဖြစ်ပါတယ်။ 40 mm Driver ကို အသုံးပြုထားလို့ ကောင်းမွန်ပြည့်စုံတဲ့ ဂီတသံစဉ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ TalkThru & Ambient Aware ဆိုတဲ့အသံနည်းပညာ နှစ်မျိုးကို အသုံးပြုပေးထားပါတယ်။ Lithium-Ion Polymer (LiPo) 700 mAh ဘက်ထရီ ထောက်ပံ့ပေးထားပြီး Quick Charger စနစ်ပါဝင်တဲ့ အတွက် ၂၄ နာရီ အသုံးပြုဖို့အတွက် ၂ နာရီသာ အားပြန်သွင်းဖို့ လိုအပ်ပါတယ်။ Built-in Microphone ပါဝင်ပြီး ဖုန်းခေါ်ဆိုခြင်းနဲ့ လက်ခံပြောဆိုခြင်းတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Audio Cable ပါဝင်လို့ Battery ကုန်နေချိန်မှာ Audio Cable နဲ့ ဆက်လက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Multi-Point Connection ပါဝင်တဲ့အတွက် Bluetooth Device တစ်ခုနဲ့ ချိတ်ဆက်ထားချိန်မှာ နောက်ထပ် Bluetooth Device တစ်ခုနဲ့ ထပ်မံ ချိတ်ဆက် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ အသံဖြင့် စေခိုင်းဖို့အတွက် Google voice assistant, Siri, Amazon Alexa တို့ပါဝင်ပြီး JBL Headphones App နဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-တန်ဖိုးက ၁၄၉,၀၀၀ ကျပ်ဖြစ်ပြီး JBL Myanmar ဖုန်း – ၀၉ ၉ ၅၁၅၁၀၉ ၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၆၂၉ ၀၀၉ ၀၀ (မန္တလေး) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««