JBL Go3 Bluetooth speaker

Bluetooth Speaker နဲ့မှ နားထောင်ချင်တယ် သွားလေရာလည်း သယ်သွားချင်တယ် ဆိုတဲ့ လူတွေအတွက် JBLရဲ့ Go3 Bluetooth speaker ပြည်တွင်းစျေးကွက်အတွင်း ဖေဖော်ဝါရီလ ၁၃ ရက်မှာ စတင်ပြီး ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Original JBL Pro Sound ပါဝင်ပြီး Ultra-Portable design နဲ့ထုတ်လုပ်ထားတာဖြစ်တဲ့ အတွက် ခရီးပဲသွားသွား သွားလေရာ စိတ်ကြိုက်သယ်ဆောင်သွားလို့ ရပါတယ်။ Phone, Tablet အပြင် ကြိုက်တဲ့ Bluetooth Device နဲ့ချိတ်ဆက်ပြီး အသုံးပြုလို့ရပါတယ်။ ဒီဇိုင်းကတော့ Latest Street Fashion Design နဲ့ထုတ်ထားတာဖြစ်ပြီး IP67 waterproof ဖြစ်လို့ ဖုန်တွေနဲ့ ရေတွေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Output power အနေနဲ့ 4.2 W RMSအထိ ထွက်နိုင်ပါတယ်။ Frequency response က 110 Hz – 20 kHz ဖြစ်ပါတယ်။ ချိတ်ဆက်မှုကတော့ Bluetooth 5.1 ဖြစ်ပါတယ်။

ဘက်ထရီ အနေနဲ့ Li-ion polymer 2.7Wh ထောက်ပံ့ပေးထားတဲ့တွက် ၂ နာရီခွဲ အားသွင်းထားရင် ငါးနာရီဆက်တိုက် အသုံးပြုနိုင်မှာပါ။ အလေးချိန် 0.209 kg ရှိပါတယ်။

ဈေးနှုန်း ခြောက်သောင်းကိုးထောင်ကျပ် ဖြစ်ပြီး JBL Myanmar ဖုန်း – ၀၉ ၉၅၁ ၅၁၀ ၉၀၀ နဲ့ JBL Store တွေမှာ ဝယ်ယူရရှိနိုင်ကြောင်း သိရပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««