JBL EON208P 2-Way PA with Powered 8-Channel Mixer and Bluetooth

All In One အသုံးပြုဖို့အတွက် ကောင်းမွန်တဲ့ JBL EON208P 2-Way PA with Powered 8-Channel Mixer and Bluetooth ဖြစ်ပါတယ်။ DJ, ပါတီပွဲတွေ၊ မိသားစုနဲ့ အပျင်းပြေ သီဆိုမှုတွေသာမက Indoor ရော Outdoor တွေအတွက်ပါ အသုံးပြုနိုင်ပါတယ်။ EON Series တွေရဲ့ ထုံးစံအတိုင်း Amplifier နဲ့ Mixer တွေ ထပ်ပြီးအသုံးပြုဖို့မလိုဘဲ All-In-One အသုံးပြုနိုင်ဖို့အတွက် 8″ Speaker နှစ်လုံးနဲ့ Professional-Grade 8 Channel Mixer တွေပါဝင်ပါတယ်။ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ Portable Design အမျိုးအစား ဖြစ်ပါတယ်။ System Power Rating အနေနဲ့ 300 W (2x 150 W stereo) အထိ ရရှိမှာပါ။ Bluetooth Streaming Function ပါဝင်တဲ့အတွက် Android , iOS နှစ်မျိုးစလုံးနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Subwoofer Output ပါဝင်ပြီး Bass အသံပြင်းပြင်း ကြိုက်သူများအတွက် Power Subwoofer တွေနဲ့ ထပ်မံချိတ်ဆက်ပြီး Bass အသံ ခပ်ပြင်းပြင်းကို ခံစားနိုင်ပါတယ်။ အရွယ်အစားက 575 x 775 x 400 mm ဖြစ်ပြီး အလေးချိန် 17.6 kg ရှိပါတယ်။

JBL Myanmar ဖုန်း – ၀၉ ၉ ၅၁ ၅၁၀ ၉ ၀၀ နဲ့ JBL Store တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ