JBL Clip 3

ဂီတဝါသနာရှင်တွေ ပျော်ပွဲစားထွက်တဲ့အခါမှာပဲဖြစ်ဖြစ် ခရီးပဲသွားသွား စိတ်ကြိုက်ဖြစ်စေမယ့် အရည်သွေးမြင့် JBL အမှတ်တံဆိပ် Clip 3 ဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ ဟန်းဆက်အပြင် Laptop, Tablet တွေနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ IPX7 Rated ဖြစ်တဲ့အတွက် ရေကူးနေရင်း ဖွင့်နိုင်သလို ရေအောက် ၃.၃ ပေအထိ ရေစိမ်ခံနိုင်ပါတယ်။ ချိတ်ဆက်မှုအပိုင်းက Bluetooth 4.1 စနစ်နဲ့ဖြစ်ပါတယ်။ Output Power 3.3 W ရှိပါတယ်။ အားသွင်းမှုအတွက်ကတော့ 5V 1A ဖြစ်ပါတယ်။ Noise-Canceling Microphone ပါဝင်တဲ့အတွက် ဖုန်း အဝင်အထွက် ပြောဆိုမှုမှာလည်း မလိုလားအပ်တဲ့ ဆူညံသံတွေကို ပယ်ဖျောက်ပေးဦးမှာပါ။

Li-Po 1000mAh Battery ထောက်ပံ့ပေးထားပြီး အားအပြည့်သွင်းထားရင် ၁၀ နာရီဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အရွယ်အစား 13.72 x 9.65 x 4.57 cm အလေးချိန် 226.79 g ပဲရှိလို့ သွားလေရာကို ပေါ့ပါ့ပါးပါးနဲ့ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တန်ဖိုးက ၉၃,၉၀၀ ကျပ်ဖြစ်ပါတယ်။ JBL Myanmar ဖုန်း ၀၉ ၉ ၅၁၅၁၀၉ ၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၆၂၉ ၀၀၉ ၀၀ (မန္တလေး)တို့မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ