JBL Bar 9.1 True Wireless Surround Soundbar

ရုပ်ရှင်ကြည့်ဖို့သာမက ဂိမ်းကစားခြင်းနဲ့ သီချင်းနာထောင်ခြင်းတွေမှာ ပြည့်စုံတဲ့ အသံထွက်ကိုပေးစွမ်းမယ့် JBL Bar 9.1 True Wireless Soundbar ဖြစ်ပါတယ်။ Bar 9.1 မှာပါဝင်တဲ့ Built-in Dolby Atmos နဲ့ DTS: X တို့အပြင် အပေါ်ဘက်ကို မျက်နှာမူထားတဲ့ စပီကာ ၄ လုံးတို့က မိမိအခန်းရဲ့ နံရံ၊ မျက်နှာကြက်တွေကို အသုံးပြုပြီး ရုပ်ရှင်ရုံကြီးတွေမှာသာ ခံစားနိုင်တဲ့ အသံအရည်အသွေးကို မိမိ ဧည့်ခန်း၊အိပ်ခန်းထဲမှာ ခံစားရမှာဖြစ်ပါတယ်။ အသံထွက်အနေနဲ့ 10″ Subwoofer နဲ့ အတူ 820 Watts ထုတ်လွှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘေးနှစ်ဖက် ဖြုတ်တပ်လို့ ရပြီး ၁၀ နာရီခန့် အသုံးပြုလို့ရတဲ့ Wireless Surround Speaker နှစ်လုံး ပါဝင်တာကြောင့် မိမိနှစ်သက်သလို လိုအပ်တဲ့နေရာမှာ ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Chromecast နဲ့ AirPlay တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ချိတ်ဆက်မှုအတွက် WiFi – Wi-Fi 5 (802.11 ac), Bluetooth V4.2 ထောက်ပံ့ပေးထားသလို HDMI, USB Port တို့လည်း ပါဝင်ပါတယ်။

JBL Bar 9.1 ရဲ့ဈေးနှုန်းက ၁,၂၉၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ JPL Myanmar ဖုန်း – ၀၉ ၉ ၅၁ ၅၁၀ ၉ ၀၀ နဲ့ JBL Store တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««