JBL Bar 3.1 soundbar

နာမည်ကျော် JBL အမှတ်တံဆိပ် 3.1-Channel 4K Ultra HD Soundbar with Wireless Subwoofer ဖြစ်ပါတယ်။ JBL Bar 3.1 မှာ JBL Surround Sound နဲ့ Dolby® Digital စနစ်တွေ ပါဝင်ပြီး ၂.၂၅ လက်မ စပီကာ ၆ လုံး၊ ၁.၂၅ လက်မ Tweeter ၃ လုံး ပါဝင်လို့ အသံထွက်အရည်အသွေး ကောင်းမွန်ပါတယ်။ ၁၀ လက်မ Woofer ကို အသုံးပြုပေးထားပြီး soundbar နဲ့ woofer ကို wireless စနစ်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Total Output 450 Watt နဲ့ JBL Surround Sound တို့ ပေါင်းစပ်ထားတဲ့အတွက် ရုပ်ရှင်နဲ့ ဂီတ တို့အတွက် အရည်အသွေးမြင့်မားပြီး ထူးခြားကောင်းမွန်တဲ့ အသံစနစ်တွေကို ခံစားရစေမှာပါ ။ 3 HDMI IN နဲ့ 1 HDMI Out ပါဝင်ပြီး 4K Devices တွေနဲ့ အလွယ်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ iOS and Android နှစ်ခုစလုံးကို Bluetooth စနစ်နဲ့ အဆင်ပြေစွာ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်သလို TV Remoteနဲ့လဲ Soundbar ကို အလွယ်တကူ တွဲဖက် အသုံးပြုနိုင်ပါတယ်။ JBL Myanmar ဖုန်း – ၀၉ ၉ ၅၁၅၁၀၉ ၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၆၂၉ ၀၀၉ ၀၀ (မန္တလေး) တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ