JBL Authentics L16

အရည်အသွေးမြင့်မားတဲ့ မော်ဒယ်သစ် JBL Authentics L16 wireless speaker speaker ဖြစ်ပါတယ်။ ထူးခြားတဲ့အသံအရည်အသွေးနဲ့ AirPlay, DNLA နဲ့ Bluetooth မှ တစ်ဆင့် ပစ္စည်းအမျိုးမျိုးနဲ့ ကြိုးမဲ့ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် analog, optical နဲ့ phono preamp jack connection တွေနဲ့ စိတ်ကြိုက်ချိတ်ဆက်နိုင်မယ့် All-In-One ဖြစ်ပါတယ်။ Near Field Communication (NFC) နည်းပညာ ထောက်ပံ့ပါရှိသလို Bluetooth device ကို စပီကာပေါ်မှာတင်ပြီး နှိပ်ရုံနဲ့လည်း ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ JBL MusicFlow အက်ပလီကေးရှင်း ရယူပြီး iOS သို့မဟုတ် Android မိုဘိုင်းဖုန်းတွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်ပါသေးတယ်။ Speaker မှာပါတဲ့ built-in USB port များ သို့မဟုတ် ရွေးချယ်နိုင်တဲ့ Qi charging pad များကို သုံးပြီးလည်း စမတ်ဖုန်းနဲ့ Tablet တွေကို အားပြန်လည် သွင်းနိုင်မှာ ဖြစ်ပါတယ်။ အသံထွက် Amplifier Power 6 x 50W RMS အထိ ရရှိမှာ ဖြစ်သလို Frequency Response အနေနဲ့လည်း 35Hz – 35kHz ရရှိမှာဖြစ်ပါတယ်။

တန်ဖိုးမှာ JBL Authentics L16 က ၁ ,၇၉၀,၀၀၀ ကျပ်ဖြစ်ပြီး တွဲဖက်သုံးရမယ့် Stand ကတော့ ၁၉၉,၀၀၀ ကျပ် ဖြစ်ပါတယ်။ JBL Myanmar ဖုန်း – ၀၉ ၉ ၅၁၅၁၀၉ ၀၀ (ရန်ကုန်) နဲ့ ၀၉ ၇၆၂၉ ၀၀၉ ၀၀ (မန္တလေး) တို့ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ