ဂ်ပန္အစိုးရမွ ပညာသင္ဆုေပးေရးစီမံခ်က္ အေကာင္အထည္ေဖာ္ရန္ ဂ်ပန္ယန္း သန္း ၆၂၀ ျမန္မာကို အကူအညီအေပး

[ Zawgyi ]

ဂ်ပန္ႏိုင္ငံအစိုးရမွ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ပညာသင္ဆုေပးေရးစီမံခ်က္ အေကာင္အထည္ေဖာ္ရန္ ျမန္မာႏိုင္ငံေတာ္အစိုးရသို႔ ဂ်ပန္ယန္း သန္း ၆၂၀ အကူအညီေပးခဲ့တယ္လုိ႔ သိရပါတယ္။

ဂ်ပန္ႏိုင္ငံအစိုးရမွ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ပညာသင္ဆုေပးေရးစီမံခ်က္ အေကာင္အထည္ေဖာ္ရန္ ဂ်ပန္ယန္း သန္း ၆၂၀ အကူ အညီေပးေရးဆိုင္ရာ စာခြၽန္လႊာလက္မွတ္ေရးထိုးလဲလွယ္ျခင္း အခမ္းအနားကို ဇြန္လ ၁ ရက္က ေနျပည္ေတာ္ရွိ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာန အစည္းအေဝးခန္းမမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

စာခြၽန္လႊာကို စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဆက္ေအာင္ႏွင့္ ျမန္မာႏုိင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး H.E.Mr. Ichiro MARUYAMA တို႔က လက္မွတ္ေရးထိုး လဲလွယ္ခဲ့ၾကပါတယ္။

ဒီလုိ လက္မွတ္ေရးထိုးျခင္းေၾကာင့္ ျမန္မာ-ဂ်ပန္ ႏွစ္ႏုိင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးတက္လာေစမွာျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႔ၿဖိဳးတုိးတက္ေရးအတြက္ အေထာက္အကူမ်ား ရရွိမည္ျဖစ္တယ္လုိ႔ သိရပါတယ္။ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ ပညာသင္ဆုကို ဂ်ပန္ႏိုင္ငံတြင္ ပါရဂူဘြဲ႕ႏွင့္ မဟာဘြဲ႕ရယူလိုတဲ့ လူငယ္ႏိုင္ငံ့ ဝန္ထမ္းေတြနဲ႔ ပုဂၢလိက အခန္းက႑က လူငယ္ေခါင္းေဆာင္ေတြကို ေပးအပ္သြားမယ္လုိ႔ သိရပါတယ္။

-သႏၲာ

[ Unicode ]

ဂျပန်နိုင်ငံအစိုးရမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆုပေးရေးစီမံချက် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်ယန်း သန်း ၆၂၀ အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံအစိုးရမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆုပေးရေးစီမံချက် အကောင်အထည်ဖော်ရန် ဂျပန်ယန်း သန်း ၆၂၀ အကူ အညီပေးရေးဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ဇွန်လ ၁ ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စာချွန်လွှာကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။

ဒီလို လက်မှတ်ရေးထိုးခြင်းကြောင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်လာစေမှာဖြစ်ပြီး မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများ ရရှိမည်ဖြစ်တယ်လို့ သိရပါတယ်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆုကို ဂျပန်နိုင်ငံတွင် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ရယူလိုတဲ့ လူငယ်နိုင်ငံ့ ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍက လူငယ်ခေါင်းဆောင်တွေကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

-သန္တာ