JAPAN Tent Program ပါဝင္ႏိုင္ရန္ ျမန္မာပညာသင္ေက်ာင္းသားမ်ားအား ဖိတ္ေခၚ

[ Zawgyi ]

ဂ်ပန္ႏိုင္ငံမွာေနထိုင္တဲ့ ျမန္မာေက်ာင္းသားမ်ားေလွ်ာက္ထားႏိုင္တဲ့ JAPAN Tent Program ပါဝင္ႏိုင္ရန္အတြက္ ျမန္မာပညာသင္ ေက်ာင္းသားမ်ားအား ဖိတ္ေခၚလ်က္ရွိတယ္လို႔ သိရပါတယ္။

ဂ်ပန္ႏိုင္ငံ အစိုးရအဖြဲ႕၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ပညာေရး၊ ယဥ္ေက်းမႈ၊ အားကစား၊ သိပၸံႏွင့္ နည္းပညာဝန္ ႀကီးဌာန၊ စီးပြားေရး၊ ကုန္သြယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာနမ်ားနဲ႔ အျခား စီးပြားေရးအဖြဲ႕အစည္းမ်ားရဲ႕ အေထာက္အပံ့နဲ႔ အိရွိကဝခရိုင္မွာ နွစ္စဥ္ျပဳလုပ္တဲ့ JAPAN Tenet Program မွာ ပါဝင္ႏိုင္ရန္ ျမန္မာပညာသင္ ေက်ာင္းသားေတြကို ဖိတ္ေခၚထားပါတယ္။

အဆိုပါအစီအစဥ္ဟာ ႏိုင္ငံတကာေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဖိတ္ေခၚလ်က္ International exchange program မ်ားျပဳလုပ္ျခင္း၊ home stay ေနထိုင္ျခင္းနဲ႔ ဂ်ပန္ရိုးရာယဥ္ေက်းမႈကို ပိုမိုနက္ရႈိင္းစြာေလ့လာႏိုင္ၿပီး အသိမိတ္ေဆြမ်ားစြာ တိုးပြားေစမယ့္ အစီအစဥ္တစ္ရပ္ျဖစ္ၿပီး ၾသဂုတ္လ ၂၃ ရက္ မွ ၂၉ ရက္ အထိ ကာနဇဝၿမိဳ႕နဲ႔ အိရွိကဝခရိုင္အတြင္းရွိ ၿမိဳ႕ေတြမွာ ျပဳလုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။ ခရီးသြားလာစရိတ္နဲ႔ ေနထိုင္စရိတ္မ်ားကို အစီအစဥ္က်င္းပသူဘက္မွ က်ခံေပးသြားမွာျဖစ္ၿပီး ပါဝင္လိုသူေတြအေနနဲ႔ အသက္ ၁၈ ႏွစ္နဲ႔ အထက္ ရွိရမွာျဖစ္သလို လူဦးေရ ၃ဝဝ ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ေလွ်ာက္လႊာေတြကို ဇူလိုင္လ ၆ ရက္ ေနာက္ဆံုးထား ေပးပို႔ ေလွ်ာက္ထားရမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ေလွ်ာက္ထားလို သူေတြအေနနဲ႔ အေသးစိတ္သိရွိလိုပါက အီးေမးလ္ [email protected] နဲ႕ Ms. Nozawa, Director of the JAPAN Tent Steering Committee ဖုန္း (၀၇၆) ၂၅၅-၂၄၄၆၊ Fax (၀၇၆) ၂၅၅-၂၄၄၉ သို႔ ဆက္သြယ္စုံစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာကျောင်းသားများလျှောက်ထားနိုင်တဲ့ JAPAN Tent Program ပါဝင်နိုင်ရန်အတွက် မြန်မာပညာသင် ကျောင်းသားများအား ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန် ကြီးဌာန၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနများနဲ့ အခြား စီးပွားရေးအဖွဲ့အစည်းများရဲ့ အထောက်အပံ့နဲ့ အိရှိကဝခရိုင်မှာ နှစ်စဉ်ပြုလုပ်တဲ့ JAPAN Tenet Program မှာ ပါဝင်နိုင်ရန် မြန်မာပညာသင် ကျောင်းသားတွေကို ဖိတ်ခေါ်ထားပါတယ်။

အဆိုပါအစီအစဉ်ဟာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်လျက် International exchange program များပြုလုပ်ခြင်း၊ home stay နေထိုင်ခြင်းနဲ့ ဂျပန်ရိုးရာယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာလေ့လာနိုင်ပြီး အသိမိတ်ဆွေများစွာ တိုးပွားစေမယ့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး သြဂုတ်လ ၂၃ ရက် မှ ၂၉ ရက် အထိ ကာနဇဝမြို့နဲ့ အိရှိကဝခရိုင်အတွင်းရှိ မြို့တွေမှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားလာစရိတ်နဲ့ နေထိုင်စရိတ်များကို အစီအစဉ်ကျင်းပသူဘက်မှ ကျခံပေးသွားမှာဖြစ်ပြီး ပါဝင်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်နဲ့ အထက် ရှိရမှာဖြစ်သလို လူဦးရေ ၃ဝဝ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်လွှာတွေကို ဇူလိုင်လ ၆ ရက် နောက်ဆုံးထား ပေးပို့ လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ လျှောက်ထားလို သူတွေအနေနဲ့ အသေးစိတ်သိရှိလိုပါက အီးမေးလ် [email protected] နဲ့ Ms. Nozawa, Director of the JAPAN Tent Steering Committee ဖုန်း (၀၇၆) ၂၅၅-၂၄၄၆၊ Fax (၀၇၆) ၂၅၅-၂၄၄၉ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ဝေဝေ