James Cook University Singapore ၏ ၂၀၂၀ ကျောင်းဖွင့်ချိန်များအတွက် ပညာသင်ဆုများလျှောက်ထားနိုင်

James Cook University Singapore ရဲ့ ၂၀၂၀ ကျောင်းဖွင့်ချိန်အတွက် ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်း ပညာသင်ဆုတွေကို လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

James Cook University Singapore Merit Scholarships Test ကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် မှာလည်းကောင်း၊ မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂ ရက်မှာလည်းကောင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ James Cook University Singapore တွင် ဘာသာရပ်တွေအနေနဲ့Business , Information Technology , Enviromental Science , Psychology ,Hospitality & Tourism , Education ဘာသာရပ်တွေကို တက်ရောက်နိုင်ပါတယ်။ Master Degree တွေကိုလည်း Joint Degree အနေနဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး Foundation, Diploma , Bachelor, Master, PHD စတဲ့ Level တွေအထိ ဘာသာရပ်များစွာ ရွေးချယ် သင်ယူနိုင်မှာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ ကျောင်းသူ ၊ ကျောင်းသားတွေ၊ IGCSE အောင်မြင်ထားသူတွေအနေနဲ့ JCUS ရဲ့ Pre University Foundation တန်းများမှ စတင်ပြီး တက်ရောက်နိုင်ပါတယ်။ အင်္ဂလိပ်စာ ဝင်ခွင့်လိုအပ်ချက် အနေနဲ့ IELTS (5.5) ရှိရန်လိုအပ်ပါတယ်။ HND , ABE, NCC လက်မှတ်ရရှိထားသူတွေအတွက် ဘာသာရပ်ကင်းလွတ်ခွင့်တွေ လျှောက်ထားရယူပြီး တက်ရောက်နိုင်တဲ့အပြင် IELTS မရှိသေးတဲ့သူတွေအနေနဲ့ အင်္ဂလိပ်စာဝင်ခွင့်စာမေးပွဲကို STUDY ABROAD Information Centre မှာ ဖြေဆိုပြီး တက်ရောက်နိုင်ပါတယ်။

အသေးစိတ်ကို STUDY ABROAD Information Centre ဖုန်း – ၀၉ ၅၁၅၁၀၀၈၊ ၀၉၉၇၃၃၉၀၉၀၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ