Jabra Speak 750

အစည်းအဝေးခန်းမထဲမှာ စုပေါင်းပြီး Zoom meeting တွေ၊ Online meeting တွေ၊ Work from home, Online Learning လုပ်နေသူတွေ၊ Conference call တွေခေါ်ပြီး အလုပ် လုပ်ဆောင်နေရတဲ့ သူတွေအတွက် အဆင်ပြေစေမယ့် Jabra Speak 750 ဖြစ်ပါတယ်။ Certifications အနေနဲ့ Alcatel-Lucent, Avaya, Cisco, Microsoft, Unify တို့ကို ရရှိထားတာ ဖြစ်ပါတယ်။ Meeting လုပ်ဖို့အတွက် Headphone ကို လူအစုံမလိုအပ်ဘဲ Device တစ်ခုတည်းနဲ လူ ၆ ယောက်အထိ သုံးစွဲနိုင်ပါတယ်။ Built in Battery ပါဝင်ပြီး ၃ နာရီ အားသွင်းထားရုံနဲ့ စကားပြောချိန် ၁၁ နာရီလောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ USB 2.0 နဲ့ရော BT 4.2 LE နဲ့ ပါ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

Computer, Phone စတဲ့ Device တွေနဲ့လဲ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Wireless range အနေနဲ့လဲ 100ft/30m အထိ ချိတ်ဆက်နိုင်သလို တစ်ချိန်တည်းမှာလည်း ထုတ်ကုန်နှစ်ခု ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Speaker frequency Response က 150 Hz to 20 kHz ဖြစ်တဲ့အတွက် အသံကိုကြည်လင်စွာကြားရမှာ ဖြစ်ပါတယ်။ Built in echo cancellation ပါဝင်တဲ့အတွက် လုံနေတဲ့ အခန်းထဲမှာ သုံးရင်တောင်မှ Echo အသံမကြားရဘူးလို့ သိရပါတယ်။ Microphone type အနေနဲ့ Noise cancelling Omni-directional (360° pick-up range) ကိုအသုံးပြုပေးထားလို့ တစ်ဖက်လူမှ အသံရှင်းလင်းစွာကြားနိုင်မှာ ဖြစ်ပါတယ်။ Mute microphone, battery level, Volume up/down, Smart button, Answer call, End/ reject call, On/ Off, Bluetooth ခလုတ်တွေကို ထုတ်ကုန်ပေါ်မှာ ထည့်သွင်းပေးထားပါတယ်။

တန်ဖိုးက ၅၉၉,၀၀၀ ကျပ် ဖြစ်ပြီး Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်) ၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း)၊ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««