Jabra Elite active 75t

In ear true wireless earbuds ပုံစံနဲ့ ထုတ်ထားတဲ့ Jabra Elite active 75t ဖြစ်ပါတယ်။ Waterproof, dust နဲ့ sweat resistant ဖြစ်တဲ့အတွက် အားကစားပြုလုပ်ရင်း အသုံးပြုနိုင်သလို သီချင်းနားထောင်ရတာ ကြိုက်နှစ်သက်သူတွေ အတွက်လဲ အကြိုက်ဖြစ်စေမှာဖြစ်ပါတယ်။ Bluetooth Version 5.0 ထောက်ပံ့ပေးထားပြီး အကွာအဝေး ၁၀ မီတာကနေ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထုတ်ကုန် ၈ ခုအထိ ချိတ်ဆက်နိုင်သလို တစ်ချိန်တည်းမှာ ထုန်ကုန် ၂ ခုကို ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Earbuds ကနေ Answer/end call, Reject call, Volume control, Reject control – play/pause music စတာတွေကို လုပ်ဆောင်နိုင်ပြီး သီချင်းနားထောင်ရင်း နားကြပ်တစ်ဖတ်ကိုဖြုတ်လိုက်ပါက အလိုအလျောက် သီချင်းရပ်ပေးမှာ ဖြစ်ပါတယ်။ Earbuds အမြဲတပ်ထားလို့ ပြင်ပအသံတွေ မကြားရတဲ့ပြဿနာတွေ ဖြေရှင်းနိုင်မယ့် Mic ကနေ အသံဖမ်းပြီး Earbuds ထဲကနေ အသံပြန်ကြားရတဲ့ system တွေလဲ ပါဝင်ပါသေးတယ်။ Jabra Sound+ ဆိုတဲ့ Software ကို အသုံးပြုပြီး Music Equalizer တွေကို မိမိစိတ်ကြိုက် ချိန်နိုင်မှာဖြစ်ပါတယ်။ Earbuds ရှိနေတဲ့နေရာကိုရှာဖွေနိုင်တဲ့ Find My Jabra software လိုမျိုး အသုံးဝင်လှတဲ့ လုပ်ဆောင်ချက်တွေလဲ ထောက်ပံ့ပါဝင်ပါတယ်။ Noise reduction ပါဝင်သလို 4-microphone call technology ကိုအသုံးပြုထားတာကြောင့် ဖုန်းပြောတဲ့အခါ ကြည်လင်ပြတ်သားတဲ့ အသံကိုရရှိနိုင်ပါတယ်။ Earbuds အားကုန်သွားလို့ Case ထဲကို ပြန်ထည့်ပြီး ၁၅ မိနစ်လောက် အားသွင်းရုံနဲ့ ၁ နာရီ လောက်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းက သီချင်းနားထောင်ခြင်းနဲ့ ဖုန်းပြောဆိုခြင်း အတွက် ၇.၅ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Charging Case အနေနဲ့ ၂၈ နာရီလောက် အားသိုလှောင်ပေးထားနိုင်ပါတယ်။ Navy, Mint, Sienna, Copper Black ဆိုပြီး အရောင်တွေရှိတဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်မှာပါ။

အာမခံ နှစ်နှစ်ပေးထားပြီး တန်ဖိုးက ၃၀၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်)၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း) နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««