iZettle ကို ေဒၚလာ ၂.၂ ဘီလ်ံနဲ႔ဝယ္ယူရန္ သေဘာတူညီမႈရခဲ့တဲ့ PayPal

[Zawgyi]

PayPal Holdings Inc ဟာ ဥေရာပရဲ႕ လူသိအမ်ားဆံုး ေငြေရးေၾကးေရးနည္းပညာ startup တစ္ခုျဖစ္တဲ့ iZettle ကို ေဒၚလာ ၂.၂ ဘီလ်ံနဲ႔ ဝယ္ယူဖို႔ သေဘာတူညီမႈရရိွခဲ့ေၾကာင္း ကုမၸဏီေတြက ေျပာၾကားလိုက္ပါတယ္။

ဒီသေဘာတူညီမႈေၾကာင့္ PayPal က ကုမၸဏီရဲ႕ in-store payment ေတြကို ကမၻာတစ္ဝန္း တိုးခ်ဲ႕ႏိုင္ေစမွာျဖစ္သလို ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဟိုေဆးအေျခစိုက္ကုမၸဏီရဲ႕ တန္ဖိုးအမ်ားဆံုး ဝယ္ယူမႈလည္း ျဖစ္လာမွာျဖစ္ပါတယ္။

iZettle ဟာ အေမရိကန္အေျခစိုက္ Square Inc လိုမ်ိဳး စမတ္ဖုန္းေတြနဲ႔ tablet ေတြကို payment register ေတြအျဖစ္ ေျပာင္းလဲေပးႏိုင္တဲ့ mini credit card reader ကို အေသးစား စီးပြားေရးလုပ္ငန္းေတြဆီ ေထာက္ပံ့ရာမွာ လူသိမ်ားပါတယ္။ Square ကို Twitter အမႈေဆာင္အရာရိွခ်ဳပ္ Jack Dorsey က တည္ေထာင္ထားတာ ျဖစ္ပါတယ္။

စေတာ့ဟုမ္းအေျခစိုက္ iZettle ဟာ ႏိုင္ငံ ၁၁ ႏိုင္ငံမွာ လည္ပတ္လုပ္ေဆာင္ေနၿပီး အေသးစားလုပ္ငန္းေတြအတြက္ ေငြေခ်းမႈအပါအဝင္ အျခားဝန္ေဆာင္မႈေတြကိုပါ ေထာက္ပံ့ေပးလ်က္ရိွပါတယ္။

အခုလို ႏိုင္ငံေပါင္း ၂၀၀ မွာ လည္ပတ္ေဆာင္ရြက္ေနတဲ့ PayPal နဲ႔ ပူးေပါင္းတဲ့အတြက္ေၾကာင့္ iZettle အေနနဲ႔ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာခ်ဲ႕ထြင္မႈကို အရိွန္အဟုန္နဲ႔ ေဆာင္ရြက္ႏိုင္မွာျဖစ္တယ္လို႔ ကုမၸဏီေတြက ေျပာၾကားခဲ့ပါတယ္။

iZettle အမႈေဆာင္အရာရိွခ်ဳပ္ Jacob de Greer နဲ႔ ကုမၸဏီရဲ႕စီမံအဖြဲ႕က ၂၀၁၈ မွာ ေငြေပးေခ်မႈ လုပ္ငန္းစဥ္ ေဒၚလာ ၆ ဘီလ်ံရိွၿပီး စုစုေပါင္းဝင္ေငြ ေဒၚလာ ၁၆၅ သန္းရိွလာမယ္လို႔ ေမွ်ာ္မွန္းထားတဲ့ လုပ္ငန္းကို ဆက္လက္ဦးေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: Reuters

==================

[Unicode]

PayPal Holdings Inc ဟာ ဥရောပရဲ့ လူသိအများဆုံး ငွေရေးကြေးရေးနည်းပညာ startup တစ်ခုဖြစ်တဲ့ iZettle ကို ဒေါ်လာ ၂.၂ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း ကုမ္ပဏီတွေက ပြောကြားလိုက်ပါတယ်။

ဒီသဘောတူညီမှုကြောင့် PayPal က ကုမ္ပဏီရဲ့ in-store payment တွေကို ကမ္ဘာတစ်ဝန်း တိုးချဲ့နိုင်စေမှာဖြစ်သလို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးအခြေစိုက်ကုမ္ပဏီရဲ့ တန်ဖိုးအများဆုံး ဝယ်ယူမှုလည်း ဖြစ်လာမှာဖြစ်ပါတယ်။

iZettle ဟာ အမေရိကန်အခြေစိုက် Square Inc လိုမျိုး စမတ်ဖုန်းတွေနဲ့ tablet တွေကို payment register တွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ mini credit card reader ကို အသေးစား စီးပွားရေးလုပ်ငန်းတွေဆီ ထောက်ပံ့ရာမှာ လူသိများပါတယ်။ Square ကို Twitter အမှုဆောင်အရာရှိချုပ် Jack Dorsey က တည်ထောင်ထားတာ ဖြစ်ပါတယ်။

စတော့ဟုမ်းအခြေစိုက် iZettle ဟာ နိုင်ငံ ၁၁ နိုင်ငံမှာ လည်ပတ်လုပ်ဆောင်နေပြီး အသေးစားလုပ်ငန်းတွေအတွက် ငွေချေးမှုအပါအဝင် အခြားဝန်ဆောင်မှုတွေကိုပါ ထောက်ပံ့ပေးလျက်ရှိပါတယ်။

အခုလို နိုင်ငံပေါင်း ၂၀၀ မှာ လည်ပတ်ဆောင်ရွက်နေတဲ့ PayPal နဲ့ ပူးပေါင်းတဲ့အတွက်ကြောင့် iZettle အနေနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာချဲ့ထွင်မှုကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီတွေက ပြောကြားခဲ့ပါတယ်။

iZettle အမှုဆောင်အရာရှိချုပ် Jacob de Greer နဲ့ ကုမ္ပဏီရဲ့စီမံအဖွဲ့က ၂၀၁၈ မှာ ငွေပေးချေမှု လုပ်ငန်းစဉ် ဒေါ်လာ ၆ ဘီလျံရှိပြီး စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁၆၅ သန်းရှိလာမယ်လို့ မျှော်မှန်းထားတဲ့ လုပ်ငန်းကို ဆက်လက်ဦးဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: Reuters